Hai Jawani Toh Ishq Hona Hai FHD

Hai Jawani Toh Ishq Hona Hai

Comedy Romance FHD 2026-06-04 5.522 136 Min

မင်းသား ဗာရွန်နဲ့ အတူ နာမည်ကြီးမင်းသမီးချောတွေဖြစ်ကြတဲ့ ထာကူးရ်တို့ ပူဂျာဟက်တို့ပါဝင်ထားတဲ့ ရုံတင် ဟာသဒရာမာရုပ်ရှင်လေးကိုတင်ဆက်ပေးလိုက်ပါတယ်။ ဒီရုပ်ရှင်ကို ဒါရိုက်တာ ဒေးဗစ်ဒါဝန် ရိုက်ကူးပြီး ရယ်စရာ ဇာတ်ကွက်တွေနဲ့အတူ ထာကူးရ်နဲ့ ပူဂျာတို့ရဲ့ ငွားငွားစွင့်စွင့်အလှတွေကိုလည်း မြင်တွေ့ခံစားကြရမှာပါ။မင်းသားဖြစ်သူ ဂျက်စ်နဲ့ ဘာနီတို့ဟာချစ်လို့လက်ထပ်ခဲ့ကြတဲ့ လင်မယားတွေပါ။ ဒါပေမဲ့ အိမ်ထောင်သက် ၅ နှစ်အထိ ဘာနီက ဂျက်စ်ကို အနားကပ်မခံသလို ကလေးလဲမယူချင်တဲ့အတွက် သူတို့နှစ်ယောက် ခွာပြဲဖို့ဖြစ်လာခဲ့ပါတယ်။ အဲဒီလိုခွဲနေပေမဲ့ တရားဝင်မကွာရှင်းရသေးတဲ့အချိန်မှာ ဂျက်စ်ဟာ ပရိသ်ဆိုတဲ့ မိန်းမလှလေးတစ်ယောက်နဲ့ ရေစက်ထပ်ဆုံပြန်ပါတယ်။ အဲဒီလိုပရိသ်နဲ့အဆင်ပြေနေတုန်းမှာ ဘာနီပြန်ရောက်လာပြီး အလှည့်အပြောင်းတခုနဲ့ ကြုံလိုက်ရချိန်မှာတော့ ဂျက်စ်တစ်ယောက် မိန်းမလှနှစ်ယောက်ကြား ဗျာများရတက်ပွေရပုံတွေကို ဟာသနှောတင်ဆက်ထားတဲ့ ရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။