Pelle the Conqueror FHD

Pelle the Conqueror

Drama Family History FHD 1986-01-01 4.75 89 Min

၁၉၈၇ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ "Pelle the Conqueror" ဇာတ်ကားဟာ ဒါရိုက်တာ Bille August ရိုက်ကူးထားပြီး ၁၉၈၈ ခုနှစ် Cannes ရုပ်ရှင်ပွဲတော်မှာ Palme d'Or ဆုအပြင် အကောင်းဆုံး နိုင်ငံခြားဘာသာစကားရုပ်ရှင်Academy Award (Oscar)ဆုကိုပါ ဆွတ်ခူးနိုင်ခဲ့တဲ့ ကမ္ဘာကျော် ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။၁၉ ရာစုအကုန်ပိုင်းမှာ ဇနီးသည် ဆုံးပါးသွားပြီးနောက် သက်ကြီးပိုင်းအရွယ် အဖေဖြစ်သူ "လာဆီ"ဟာ သားငယ်လေး "ပယ်လီ" ကို ခေါ်ပြီး ပိုကောင်းတဲ့ လူနေမှုဘဝနဲ့ အခွင့်အလမ်းအသစ်တွေကို မျှော်လင့်ရင်း ဆွီဒင်နိုင်ငံကနေ ဒိန်းမတ်နိုင်ငံ၊ Bornholm ကျွန်းဆီကို သင်္ဘောနဲ့ ထွက်ခွာလာခဲ့ပါတယ်။ဒါပေမဲ့ သူတို မျှော်လင့်ထားသလို ဒိန်းမတ်နိုင်ငံရဲ့ ဘဝဟာ လှပမနေခဲ့ပါဘူး "လာဆီ" ရဲ့ သက်ကြီးပိုင်းအရွယ်နဲ့ ပယ်လီ ရဲ့ ငယ်ရွယ်မှုတို့ကြောင့် သူတို့ကို အလုပ်ရှင်ကောင်းတွေက မငှားကြဘဲ နောက်ဆုံးမှာတော့ ခြံကြီးတစ်ခုမှာ အနိမ့်ကျဆုံးနဲ့ အပင်ပန်းဆုံး အလုပ်သမားတွေအဖြစ် စတင် လုပ်ကိုင်ကြရပါတယ်။ရွှေ့ပြောင်းအလုပ်သမားတွေအပေါ် ပတ်ဝန်းကျင်ရဲ့ ခွဲ​ခြားဆက်ဆံမှု၊ ဖိနှိပ်မှုနဲ့ ရာသီဥတုရဲ့ ကြမ်းတမ်းမှုတွေကို ခါးစည်းခံရင်း သားအဖနှစ်ယောက် ခက်ခဲစွာ ရုန်းကန်ကြရပါတယ်။ ဒါပေမဲ့ပတ်ဝန်းကျင်ရဲ့ အမှောင်ထုကြားထဲမှာပဲ ပယ်လီ လေးဟာ လောကဓံကို သင်ခန်းစာယူရင်း ဘဝရဲ့ မတရားမှုတွေကို မျက်ဝါးထင်ထင် မြင်တွေ့ရင်းနဲ့ အိပ်မက်သစ်တွေကို မပျောက်ပျက်အောင်ထိန်းသိမ်းပြီး အရွယ်ရောက် ရင့်ကျက်လာပုံကို ရင်နင့်ဖွယ် ရိုက်ကူးထားတာ ဖြစ်ပါတယ်။ဘဝရဲ့ ခက်ခဲနက်နဲမှုနဲ့ မျှော်လင့်ချက်အလင်းရောင်​တွေကို ဖြစ်ရပ်မှန်ဆန်ဆန် ခံစားချင်သူတွေအတွက် မဖြစ်မနေ ကြည့်ရှုသင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားဖြစ်ပါတယ်။