နီးလ်ပေ့ဂျ်ဟာ ကျေးဇူးတော်နေ့ပိတ်ရက်အတွက် သူ့မိသားစုရှိတဲ့ ချီကာဂိုမြို့ကို အလုပ်ကနေပြန်ဖို့အတွက် လေယာဉ်လက်မှတ်တစ်စောင်ဝယ်ခဲ့ပါတယ်။ ဒါပေမဲ့ ကံဆိုးချင်တော့ နှင်းမုန်တိုင်းကြောင့် သူစီးမယ့်လေယာဉ်ကဖျက်သိမ်းခံလိုက်ရပါတော့တယ်။ ကျေးဇူးတော်နေ့ပိတ်ရက်ကလည်းဖြစ်၊မုန်တိုင်းကလည်းရှိတော့ လေယာဉ်အစီအစဉ်တွေရော တခြား ခရီးသွားပလန်တွေအကုန်လုံး၊ ဟိုတယ်တွေက အစ ပြည့်နေခဲ့ပါတယ်။အဲထက်ဆိုးတာက စကားကများ၊ အလိုက်ကမသိတဲ့ ဒဲလ်ဂရစ်ဖင်ဆိုတဲ့လူနဲ့ လေယာဉ်ပေါ်မှာစုံခဲ့တာပါပဲ။ အဲကစလို့ သူတို့နှစ်ယောက်ရဲ့ အလွဲတွေ ချီကာဂိုကို ဘယ်လိုရှေ့ဆက်မလဲဆိုတာကို ဟာသနှောပြီး ရိုက်ကူးထားတဲ့Comedy / Drama ရုပ်ရှင်တစ်ကားဖြစ်တာကြောင့် တော်တော်လေးကို ကြည့်ရတန်ပါတယ်။