Three FHD

Three

Action Crime Thriller FHD 2016-06-24 5.989 88 Min

ဇာတ်လမ်းအကျဉ်းလေးကတော့ ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် ခေါင်းမှာ ကျည်ဆန်ထိမှန်သွားတဲ့ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ ဂိုဏ်းခေါင်းဆောင် ရွှင့် ကို ဆေးရုံကိုအရေးပေါ်ပို့ဆောင်ရာကနေရဲဘက်ကတော့ သူတို့ရဲ့ အမှားကို ဖုံးကွယ်ဖို့ ကြိုးစားနေသလို ရွှင့်ဆီကနေ ဂိုဏ်းအဖွဲ့ရဲ့ လျှို့ဝှက်အချက်အလက်တွေကို ရယူဖို့လည်း အခွင့်အရေးရှာနေပါတယ်တစ်ဖက်မှာတော့ လူနာရဲ့ အသက်ကို ကယ်တင်ဖို့သာ ဦးစားပေးတဲ့ အာရုံကြောခွဲစိတ်ဆရာဝန် ဒေါက်တာထုံဟာ ရွှင့်ကို ခွဲစိတ်ကုသဖို့ အပြင်းအထန် ကြိုးစားနေပြီး အမှုကို အရင်ဖြေရှင်းချင်တဲ့ ရဲအရာရှိချန်နဲ့ မကြာခဏ ထိပ်တိုက်တွေ့ရပါတော့တယ်ဒါပေမဲ့ ရွှင့်ကတော့ သာမန်အကျဉ်းသား မဟုတ်ပါဘူး…ဆေးရုံခုတင်ပေါ်မှာ လက်ထိတ်ခတ်ထားရင်းတောင် အခြေအနေအားလုံးကို ထိန်းချုပ်ဖို့ ကြိုးစားနေပြီး ခွဲစိတ်မှုကို တမင်နှောင့်နှေးစေပြီးတော့ သူ့ဂိုဏ်းသားတွေ လာရောက်ကယ်တင်နိုင်မဲ့ အချိန်ကို စောင့်ဆိုင်းနေပါတယ်…ရဲအရာရှိချန်ကလည်း ဒီအစီအစဉ်ကို သဘောပေါက်ပေမဲ့ ဂိုဏ်းတစ်ဖွဲ့လုံးကို ဖမ်းဆီးနိုင်ဖို့ တမင်မသိချင်ယောင်ဆောင်နေပါတယ်နောက်ဆုံးမှာတော့ ရွှင့်ဟာ သူ့ရဲ့ လွတ်မြောက်ရေးအစီအစဉ်ကို အောင်မြင်နိုင်ပါ့မလား ရဲတပ်ဖွဲ့က ဂိုဏ်းတစ်ဖွဲ့လုံးကို ဖမ်းဆီးနိုင်မလား ဒေါက်တာထုံကလည်း လူနာရဲ့ အသက်ကို ကယ်တင်နိုင်ပါ့မလားဆိုတာကိုတော့ ဒီသည်းထိတ်ရင်ဖို အက်ရှင်ဇာတ်ကားလေးထဲမှာ ဆက်လက်ကြည့်ရှုခံစားလိုက်ကြရအောင်