ဒီ ဟောင်ကောင် Anime ရုပ်ရှင်လေးက ဂျပန်စာရေးဆရာ Naka Saijo ရဲ့ ၂၀၁၂ ခုနှစ်ထွက် နှစ်တစ်ထောင်ဝိဉာဉ်ဆိုတဲ့ ဝတ္ထုလေးကို အခြေခံပြီး ဖန်တီးထားတာပါ။ ၂၀၁၉ ခုနှစ်လောက်ကရုပ်ရှင်အတိုလေးအဖြစ် ဖန်တီးခဲ့ကြရာမှာ နိုင်ငံတကာ ဆုတွေများစွာ ရရှိခဲ့တာကြောင့် အခု ၂၀၂၅ ခုနှစ်မှာတော့ ရုပ်ရှင်ကားကြီးအဖြစ် ပြန်လည်ပြောင်းလဲဖန်တီးထားပြီး ထွက်ရှိလို့လာခဲ့ပါပြီ။နောက်ပြီး ဒီကားလေးဟာ ဟောင်ကောင် Animation သမိုင်းရဲ့ ဒုတိယမြောက်ကားလေးပါ။ နောက်ပြီး သူတို့ပြည်တွင်း ဆုပေးပွဲမှာလည်း Best Animation ဆု ရရှိထားပြီးဝင်ငွေအကောင်းဆုံး Animation ရုပ်ရှင်လေး ဖြစ်လာခဲ့ပါပြီ။ဇာတ်လမ်းအကျဉ်းလေးကတော့ ဂူဒို (ဆူဂွိုင် - သရဲကလေး) ဆိုတဲ့ ဝိဉာဉ်အစောင့်အရှောက်လေးက တမလွန်ကမ္ဘာမှာ သေဆုံးပြီးကာစ ဝိဉာဉ်တွေကို လမ်းပြခေါ်ဆောင်ပြီး နောက်ထပ်ပြန်လည်မွေးဖွားဖို့ လိုက်လံလမ်းပြ စောင့်ရှောက်ပေးရတဲ့ သရဲလေးပါ။ အဲဒီမှာတင် သူ့ဆီကို ယူရီဆိုတဲ့ ကောင်မလေးတစ်ယောက် ရောက်လာတယ်။ သူ့ကို ပြန်ဝင်စားဖို့ခေါ်သွားမယ်ဆိုတော့သူက သူ့မောင်လေးကို လိုက်ရှာချင်သေးတာမို့ နေဦးတဲ့ အဲဒါဆိုရင် ငါလည်း လိုက်ရှာပေးမယ်ဆိုပြီး နှစ်ယောက်သား တမလွန်ကမ္ဘာကြီးထဲမှာ အတူတူလိုက်လံရှာဖွေရင်းဂူဒိုလေးတစ်ယောက်လည်း ချစ်စရာခင်မင်စရာ ယူရီနဲ့ ရင်းနှီးသွားရင်း လူသားခံစားချက်တွေကို သိရှိလာပါတော့တယ်။ အဲဒီအချိန် လူ့လောကကြီးမှာလည်း ပန်းမြို့တော်မှာဘုရင့်သမီးလေးဖြစ်တဲ့ ဂိုရန်ဟာ ခမည်းတော်က စစ်ပွဲမှာ နတ်ရွာစံသွားတော့ ဝမ်းနည်းပူဆွေးနေရတဲ့အပြင် ကျိန်စာသင့်မင်းသမီးလေးဆိုပြီး ပြည်သူတွေက ဝိုင်းကျဉ်ထားတော့ နာကျင်စွာနဲ့ခမည်းတော်ရဲ့သေဆုံးမှု အဖြစ်မှန်ကို အင်မတန်သိချင်နေတဲ့အချိန် သရဲကလေး ဂူဒိုက ရောက်ရှိလာပြီး သိချင်ရင် အတိတ်ကို ပြန်သွားပြီး ပြပေးမယ်ဆိုပြီး ခေါ်ပြရာကနေ.....။တမလွန်ကမ္ဘာမှာ ဂူဒိုနဲ့ ယူရီတို့ လိုက်ရှာဖွေနေကြတာက ဘာတွေဆက်ဖြစ်သွားလဲ၊ ဒီဖက်လူလောကမှာ ဂူဒိုက ဘာလို့ မင်းသမီးလေး ဂိုရန်ဆီကို ရောက်နေရတာလဲ စသဖြင့် ပြသထားပြီးနောက်ပိုင်း တဖြည်းဖြည်းမှ ဇာတ်ကို ရုပ်လုံးပေါ်အောင် ဖော်ပြသွားပေးမယ့် Anime ရုပ်ရှင်ကားကောင်းလေး ဖြစ်ပါတယ်။ဟောင်ကောင် Anime ကားလေးဆိုပေမဲ့ ဂျပန်တွေလောက်နီးပါး ကောင်းကောင်းဆွဲပြီး ဖန်တီးထားတဲ့ လက်ရာမွန်လေးပါ။ တစ်ခုတော့သတိပေးချင်ပါတယ် ဒီ Anime ကားလေးကAnimation ရုပ်ရှင်လေးဆိုပေမဲ့ ပျော်ရွှင်ကြည်နူးစရာတွေကို ဖော်ကျူးပေးထားတဲ့အစား လူ့သဘောသဘာဝတွေရဲ့ ခါးသီးရက်စက်တဲ့ အမှန်တရားတွေ သေခြင်းတရားတွေကိုဦးစားပေးပြထားတာမို့ ကြည့်ရတာ နည်းနည်းတော့ Dark ဖြစ်တဲ့ဖက်ကို သွားပါတယ်။ ကဲ ကြည့်ရှုခံစား အားပေးလိုက်ကြပါဦးဗျာ...။