ဒီတစ်ခါမှာတော့ ဇာတ်လမ်းအေးအေးလေးနဲ့ ရင်ကိုလှုပ်ခတ်သွားစေမယ့် Thaimessageဆိုတဲ့ဇာတ်ကားလေးတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ အိန္ဒိယကားပါနော်ထိုင်းကားမဟုတ်ပါဘူး။အတ်မာရမ်ဆိုတဲ့လူကြီးဟာ မိသားစုကလူတိုင်း လေးစားချစ်ခင်ရတဲ့ဖခင်ကြီးပေါ့။သူ့ရဲ့မိန်းမကလည်း ၂၁နှစ်လုံးလုံး လေဖြတ်လို့အိပ်ရာထဲလဲနေပြီး ၂၂နှစ်မြောက်မှာပဲသေသွားခဲ့တာပါ။အဲ့ကတည်းက အက်မာရမ်ဟာ တစ်ဉီးတည်းနေပြီး ဘာသာရေးတွေကို ဇောက်ကျလုပ်နေတာပေါ့။အဲ့တော့တစ်အိမ်လုံးကသူ့ကို သူတော်စင်အရှင်ကြီးလို့သတ်မှတ်ထားကြတာပါ။တစ်နေ့မှာ အက်မာရမ်ဟာ သူ့မှာလည်း လူသားသဘာဝစိတ်တွေရှိသေးတယ်ဆိုတာကို သိလိုက်ရတဲ့အတွက် အိမ်ကိုလိမ်ပြီး အပျော်ရှာဖို့ဘန်ကောက်ကိုလာခဲ့ပါတယ်။အဲ့တော့ ဖခင်ကိုအရှင်တစ်ပါးလို သတ်မှတ်ခဲ့ကြတဲ့ သားသမီးတွေကစိတ်တွေတိုတာပေါ့။ဒီအသက်အရွယ်ကြီးကျမှ ဒီလိုတွေဖြစ်ရမလားဆိုပြီး…