Rose of Nevada FHD

Rose of Nevada

Drama Mystery FHD 2026-04-24 6.6 114 Min

ကောနစ်ရှ်ရွာငယ်လေးဟာ စီးပွားရေးဆုတ်ယုတ်ကျဆင်းနေပြီး ဝမ်းစာအတွက် ရုန်းကန်နေရတဲ့ရွာတစ်ရွာဖြစ်ပါတယ်။ လွန်ခဲ့တဲ့ နှစ် ၃၀ တုန်းက အဲ့ဒီရွာလေး စီးပွားရေးကောင်မွန်ချိန်မှာRose of Nevada ဆိုတဲ့ ငါးဖမ်းသင်္ဘောကြီးနဲ့ သင်္ဘောသားအဖွဲ့ဟာ ပင်လယ်ပြင်ကြီးထဲမှာ ဆန်းကြယ်စွာ ပျောက်ဆုံးသွားခဲ့ဖူးပါတယ်။ အဲ့ဒီဖြစ်ရပ်ဆိုးဟာ ယနေ့ထက်ထိရွာသားတွေရင်ထဲမှာ အနက်ရှိုင်းဆုံးဒဏ်ရာအဖြစ်ကျန်နေဆဲပါပဲ။တစ်နေ့မှာတော့ လွန်ခဲ့တဲ့ နှစ် ၃၀ က ပျောက်ဆုံးသွားခဲ့တဲ့ Rose of Nevada သင်္ဘောကြီးဟာ ရွာဆိပ်ကမ်းဆီကိုဆန်းကြယ်စွာ ပြန်လည်ရောက်ရှိလာခဲ့ပါတယ်။မိသားစုအတွက်ရုန်းကန်နေရတဲ့ အိမ်ထောင်ဦးစီး နစ်ခ်နဲ့ အိမ်ခြေမဲ့လေလွင့်သူ လီယမ်းတို့ဟာ ဒီသင်္ဘောပေါ်မှာစပြီးအလုပ်လုပ်ခဲ့ကြပါတယ်။ သူတို့တွေပင်လယ်ဆီထွက်ခွာအပြီးငါးတွေအမြောက်အများနဲ့ဆိပ်ကမ်းဆီ ပြန်ရောက်လာတဲ့အခါမှတော့ အားလုံးလွဲချော်သွားခဲ့ပါတော့တယ်။သူတို့ပြန်ရောက်လာတဲ့မြို့ဟာ သူတို့ထွက်ခွာခဲ့တဲ့ ခေတ်မဟုတ်ပဲ လွန်ခဲ့တဲ့ နှစ် ၃၀ အတိတ်ဆီကိုပြန်ရောက်သွားတာပါ။ ပိုပြီး ထိတ်လန့်စရာကောင်းတာကတော့ ရွာသားတွေဟာနစ်ခ်နဲ့လီယမ်းကို လွန်ခဲ့တဲ့ နှစ် ၃၀ ကပျောက်ဆုံးသွားခဲ့တဲ့မူလသင်္ဘောသားတွေလို့မှားယွင်းထင်မှတ်ပြီး ကြိုဆိုကြတာပါပဲ။လီယမ်းက အတိတ်ကမ္ဘာထဲမှာအဆင်ပြေဝင်ဆံ့သွားပေမယ့် နစ်ခ်ကတော့ သူ့ရဲ့မူလအနာဂတ်ကာလဆီပြန်ရောက်ဖို့နဲ့ဇနီးဆီကိုဆက်သွယ်ဖို့အကြိမ်ကြိမ်ကြိုးစားရပါတော့တယ်။အိမ်မက်ဆိုးတွေ၊ အလွဲလွဲအချော်ချော်အာရုံတွေနဲ့အချိန်ကာလတွေကြား နစ်ခ်တစ်ယောက် မူလဘ၀ဆီ ပြန်ရောက်နိုင်ပါဦးမလား?ရုပ်ရှင်ပွဲတော်တွေမှာ အောင်ပွဲခံခဲ့သလို ဝေဖန်ရေးဆရာတွေရော ပရိသတ်တွေရောအကြိုက်တွေ့ကြတဲ့ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ RT 96 နဲ့ Metacritic Score 84ရရှိထားပါတယ်။