Operation: Aunties FHD

Operation: Aunties

Action Comedy Drama FHD 2025-07-11 10 90 Min

တစ်ခေတ်တစ်ခါက မင်းသမီးကြီးတွေဖြစ်တဲ့ Tisha Campbell နဲ့ Melissa De Sousa တို့ အမိုက်စားပါဝင်ထားတဲ့ "Operation: Aunties" ဆိုတဲ့ Action Comedy ဇာတ်ကားသစ်လေးနဲ့တင်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာတော့ အသက်အရွယ်ရနေပြီဖြစ်ပေမယ့် ခေတ်မီပြီး စမတ်ကျလွန်းတဲ့ အန်တီတစ်စုက သူတို့ရဲ့ တူမလေးတစ်ယောက် လူကုန်ကူးကွန်ရက်ထဲ ရောက်မယ့်အရေးကနေကယ်တင်ဖို့အတွက် Dark Web က လူဆိုးဂိုဏ်းကြီးကို ပြန်လည်စိန်ခေါ် နှိမ်နင်းသွားမှာပါ။ ရိုးရိုးရှင်းရှင်း စုံထောက်တာမျိုးမဟုတ်ဘဲ Blockchain နည်းပညာတွေ၊ Cyber High-techအိုင်ဒီယာတွေ သုံးပြီး လူဆိုးတွေကို ပညာပြတာမို့ ကြည့်ရင်းနဲ့ တော်တော်လေး အားရကျေနပ်မိမှာ အသေအချာပါပဲ။ အထူးသဖြင့် ဥပဒေနဲ့ ရဲတွေကိုပဲ ထိုင်စောင့်မနေတော့ဘဲ ကိုယ့်နည်းကိုယ့်ဟန်နဲ့ အုပ်စုလိုက် စည်းလုံးညီညွတ်စွာ တိုက်ခိုက်ပြသွားတဲ့ အန်တီတွေရဲ့ Girl Power ကို အလန်းစားမြင်တွေ့ရမှာဖြစ်ပါတယ်။ ဟာသလေးတွေလည်းနှော၊ တက်ကြွလှုပ်ရှားတဲ့ အက်ရှင်စွန့်စားခန်းတွေလည်း ပါဝင်တာမို့  ပေါ့ပေါ့ပါးပါးနဲ့ စိတ်လှုပ်ရှားစရာ ဇာတ်ကားကောင်းတစ်ခုပဲဖြစ်ပါတယ်။