Peleliu: Guernica of Paradise FHD

Peleliu: Guernica of Paradise

Drama War Animation FHD 2025-12-05 7.7 106 Min

ဇာတ်လမ်းအကျဉ်းလေးကတော့ စစ်ပွဲဆိုတာကို အာရုံမရှိပဲ အေးအေးဆေးဆေး ကာတွန်းဆရာဖြစ်ချင်တဲ့ Tamaru ဆိုတဲ့ ဂျပန်စစ်သားလေးနေရာကို ဦးစားပေး ဖော်ပြထားပါတယ်။သိတဲ့အတိုင်း သူတို့တာဝန်ကျနေတဲ့အချိန်အတွင်း အမေရိကန်တပ်တွေက အားနဲ့အင်နဲ့ ဝင်စီးပြီး သိမ်းပိုက်ဖို့ လာကြတဲ့အချိန်မှာတော့ Tamaru တို့ ဂျပန်တပ်တွေ ဘယ်လိုခုခံကာကွယ်ကြသလဲ။အနုပညာစိတ်ကူး ကွန့်မြူးတဲ့ Tamaru အတွက် ဒီလို အနိဌာရုံတွေကြားမှာ သူ့ပညာလေးနဲ့ ဘယ်လိုတွေ အသုံးချခဲ့နိုင်မလဲဆိုတာလေးတွေ မြင်ရမယ်။ရဲဘော်ရဲဘက်များနဲ့ စားစရာမရှိ ငတ်ပြတ်ပြိး ဘယ်လိုမျိုး အသက်ရှင်ရုန်းကန်ခဲ့ကြသလဲ။ ကိုယ့်အမိမြေမှာ မိသားစုတွေ ဘာတွေဖြစ်နေသလဲ မသိကြရပဲ ဒီတောကြီးမျက်မည်း ကျွန်းပေါ်မှာရက်ပေါင်းများစွာ လပေါင်းများစွာ နှစ်ပေါင်းများစွာ အမိမြေကို ကာကွယ်ဖို့ဆိုပြီး ကျန်ခဲ့ရတဲ့သူတွေရဲ့ ခံစားချက် အတွေ့အကြုံတွေကို ပုံစံတစ်မျိုးလေးနဲ့ ခံစားရမှာပဲ ဖြစ်ပါတယ်။စစ်ပွဲနောက်ခံ ရုပ်ရှင်လေးဆိုပေမဲ့ စစ်ဆိုတာ မကောင်းတဲ့အကြောင်းကို ဖော်ပြချင်ပြီး စစ်ပွဲရဲ့ အတုအယောင်ဂုဏ်ပုဒ်တွေနောက်ကွယ်က လူသားတွေရဲ့ပူဆွေးသောကကိုမီးမောင်းထိုးပြထားတဲ့ Anime ရုပ်ရှင်ကားကောင်းလေးပဲ ဖြစ်ပါတယ်...။