Idhayam Murali FHD

Idhayam Murali

Comedy Drama Romance FHD 2026-07-10 7.7 164 Min

မင်းသား အာဒါဗာရဲ့ လွမ်းမောစရာ အချစ်ဒရာမာရုပ်ရှင်ကောင်းလေးကို တင်ဆက်ပေးချင်ပါတယ်။အီဒါယာနဲ့ သူငယ်ချင်းတသိုက်ဟာ လေယာဉ်နဲ့ခရီးသွားရင်း လေယာဉ်ပေါ်မှာ ထူးဆန်းတဲ့လူတယောက်နဲ့ဆုံတွေ့ခဲ့ပါတယ်။ အဲဒီလူနဲ့သူတို့အဖွဲ့ဟာ စကားပြောမိရာကနေ ရင်းနှီးသွားရင်းတယောက်အကြောင်းတယောက် အချင်းချင်း ပြောပြကြပါတယ်။ ဒီရုပ်ရှင်လေးဟာ အဲဒီလိုစကားပြောရာကနေ အီဒါယာဆိုတဲ့ ခပ်အေးအေးကောင်လေးရဲ့အတိတ်ကို လွမ်းစရာကောင်းအောင်ပုံဖော်ပြထားတဲ့ရုပ်ရှင်လေးပဲဖြစ်ပါတယ်။အီဒါယာဟာ မူလတန်းကစပြီး အရွယ်ရောက်တဲ့အထိ သူချစ်ဖူးသမျှကောင်မလေးတွကို တဖတ်သက်ဆိုတဲ့အဆင့်နဲ့တင်ရပ်ပြီး တခါမှဖွင့်မပြောရဲတဲ့ကောင်လေးတယောက်ပါ။ဒါပေမဲ့ သူကြုံခဲ့ဖူးတဲ့ အချစ်ဇာတ်လမ်းတိုင်းဟာ ဟိတ်လှုပ်ရှားစရာကောင်းပြီး ကဗျာဆန်လွန်းလှပါတယ်။ အီဒါယာတယောက် ဘယ်လိုတွေကြုံတွေ့ခဲ့ရလဲ၊ နောက်ဆုံးမှာတယောက်ယောက်နဲ့ ဆုံတွေ့ခွင့်ရမှာလားဆိုတာကို ဒီရုပ်ရှင်လေးထဲမှာ စီးမြောမြင်တွေ့ရမှာပါ။