စစ်ပွဲတွေကြောင့် ပြိုပျက်သွားတဲ့ dystopian လို ကမ္ဘာတစ်ခုမှာ အားနည်းတဲ့သူ ဒါမှမဟုတ် တခြားလူတွေနဲ့ ကွဲပြားနေတဲ့ သူတွေကို လူ့အသိုင်းအဝိုင်းရဲ့ အပြင်ဘက်မှာ ချန်ထားပြီး သီးခြားစီအသက်ရှင်သန်ဖို့ ကြိုးစားကြရတယ်။လွန်ခဲ့တဲ့ ငါးနှစ်အတွင်းမှာ Peter, James, Bart, နဲ့ Russell ဆိုတဲ့ အော်တစ်ဇင်ရောဂါ အဆင့်မျိုးစုံရှိကြတဲ့ ကောင်လေး ၄ ယောက်က လူသူနည်းတဲ့ နေရာမှာ တိတ်တိတ်ဆိတ်ဆိတ်နေထိုင်ခဲ့ကြတယ်။ သူတို့ကို သူတို့ရဲ့ အစောင့်အရှောက် နဲ့ အုပ်ထိန်းသူဖြစ်တဲ့ Connie က အမေတစ်ယောက်လိုမျိုး ဂရုတစိုက် ချစ်ပေးပြီး ပြုစုပျိုးထောင်ပေးခဲ့တာပါ။ဒါပေမဲ့ Connie အပြင်းအထန် နေမကောင်းဖြစ်ပြီး အိပ်ရာထဲလဲသွားချိန်မှာတော့ ကောင်လေး ၄ ယောက် သူတို့ကို စောင့်ရှောက်မဲ့သူ မရှိတော့ဘဲ ကုသဖို့ ဆေးဝါးကို အရေးတကြီးလိုလာကြပါတော့တယ်။ဒါနဲ့ Connie ကို ကယ်တင်ဖို့အတွက် ညီအစ်ကိုလေးယောက်က New Haven လို့ခေါ်တဲ့ ရပ်ဝေးနေရာက မြိုတစ်မြိုဆီကို ပန်းတိုင်အဖြစ် သွားရင်း ခက်ခဲကြမ်းတမ်းတဲ့ သဲကန္တာရနဲ့အန္တရာယ်တွေကို ရင်ဆိုင်လာရချိန်မှာ အချင်းချင်း စည်းလုံးဖို့ သင်ယူနိုင်ပါ့မလားဆိုတာကို စိတ်ဝင်စားဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။