Manila's Finest ဟာ ၁၉၆၉ ခုနှစ်ဝန်းကျင် ဖိလစ်ပိုင်နိုင်ငံဖြတ်သန်းခဲ့ရတဲ့ သမိုင်းဖြစ်ရပ်မှန် တစ်စိတ်တစ်ဒေသကိုအခြေခံပြီး မနီလာရဲတပ်ဖွဲ့အကြောင်းကို ဂုဏ်ပြုရိုက်ကူးထားတဲ့ PeriodCrime Thriller ကားကောင်းတစ်ကားဖြစ်ပါတယ်။အဲ့ဒီခေတ်ကာလ ဌာနတွင်းအပြိုင်အဆိုင်ဖြစ်မှုတွေ၊ ဖာဒီနန်မားကိုစ့်ရဲ့(Martial law) ပြဌာန်းဖို့အတွက် အကြောင်းပြစရာအဖြစ် အသုံးချခဲ့တဲ့ အငြင်းပွားစရာဖြစ်စဉ်တွေကြားကနေဖိလစ်ပိုင်ရဲတပ်ဖွဲ့မြို့တော်ကွပ်ကဲရေးဌာနချုပ် (MetroCom) နဲ့ပူးပေါင်းသွားခဲ့ရတဲ့ ဖြစ်စဉ်တွေကို အနုစိတ် ပုံဖော်ထားတာဖြစ်ပါတယ်။ဖိလစ်ပိုင်ရဲ့ထိပ်သီးဒိတ်ဒိတ်ကြဲသရုပ်ဆောင်တွေ ဦးဆောင်ပါဝင်ထားပြီး ခမ်းနားလှတဲ့ Production Design၊ အမိုက်စားတွေ၊နောက်ခံတေးဂီတ၊ Cinematographyအကောင်းစားတွေနဲ့ရှုစားရမယ့် သမိုင်းနောက်ခံဇာတ်ကားကောင်းတစ်ကားပါ။Metro Manila Film Festival မှာပဲပွဲဦးထွက်ခဲ့ပြီး ဆုအမြောက်အမြားဆန်ကာတင်ဝင်ခဲ့ပြီးတဲ့နောက် Best Production Design,Best Cinematography အပါအဝင်ဆုခုနှစ်ခုဆွတ်ခူးရရှိထားပါတယ်။