Love in Lingshui FHD

Love in Lingshui

Comedy Romance FHD 2020-10-30 6.1 103 Min

အချစ်ဦးကို မြေးဦးရတဲ့အထိ မမေ့ဘူးဆိုတဲ့စကားကို အားလုံးလည်းကြားဖူးကြလိမ့်မယ်လို့ထင်ပါတယ် ။ ဒီဇာတ်လမ်းလေးကတော့ တစ်ယောက်နဲ့တစ်ယောက်ချစ်မြတ်နိုးပြီးတစ်ယောက်က တစ်ယောက်ရဲ့အချစ်ဦးဖြစ်ခဲ့ကြပေမဲ့ နိုင်ငံတွေမတူတဲ့အခါ ခွဲခွာရပြီး ပြန်လည်စုံစည်းဖို့ အကြောင်းကံမပါလာတဲ့  ရုရှားကောင်လေးနဲ့ တရုတ်မလေးတစ်ယောက်ရဲ့ အချစ်ဇာတ်လမ်းကနေ အစပျိုးပြီး ဖြစ်တည်လာခဲ့တဲ့ ဇာတ်လမ်းလေးပဲဖြစ်ပါတယ် ။ ဇာတ်လမ်းအညွှန်းလေးကတော့ -လီဆာဆိုတဲ့ ရုရှားမလေးဟာ သူ့အဖိုးတစ်ယောက် သေဆုံးသည်အထိ လီဟိုင်ယန့်ဆိုတဲ့ အမျိုးသမီးလေးကိုမမေ့နိုင်ဘဲ ဆိုင်ဘေးရီးယားရဲ့ နှင်းတောထဲမှာ ဘယ်လောက်တောင် လွမ်းဆွတ်ခဲ့ရကြောင်းရေးသားထားတဲ့စာတွေကို အဖိုးရဲ့ဈာပနမှာတွေ့ပြီး တရုတ်ပြည်ကို ကိုယ်တိုင်သွားရှာဖို့ ဆုံးဖြတ်ခဲ့ပါတော့တယ် ။ ဒီလိုနဲ့သူဟိုင်ယန်ကိုရောက်လာတဲ့အချိန် သူတည်းမဲ့ဟိုတယ်ဆီမရောက်ဘဲ အကြောင်းအမျိုးမျိုးကြောင့်နဲ့ ချန်အန့်ဆိုတဲ့ကောင်လေးတို့အိမ်ကဖွင့်ထားတဲ့ တည်းခိုခန်းဆီရောက်သွားတဲ့အခါမှာတော့...သူ့အဖိုးရဲ့မပြည့်စုံလိုက်ရတဲ့ ဆန္ဒတွေကို ဖြည့်စည်းပေးနိုင်မလား ။ သူကိုယ်တိုင်ရရော မတူညီတဲ့ပတ်ဝန်းကျင် ဘာသာစကားအခက်အခဲတွေနဲ့ ဘယ်လိုဇာတ်လမ်းအသစ်တွေနဲ့ ထပ်ပြီးကြုံရမလဲဆိုတာကို ဇာတ်လမ်းထဲမှာပဲ ဆက်လက်ကြည့်ရှူ့ပေးကြပါအုံး