ချစ်သူစုံတွဲတစ်တွဲနဲ့ စေ့စပ်ပြီးခါစ အတွဲတတွဲဟာ လူသူဝေးတဲ့ တောင်ပေါ်ဒေသတစ်ခုကို အပန်းဖြေဖို့ရောက်လာခဲ့ပါတယ်။ သူတို့အတွဲဟာ အရင်က သိကျွမ်းခဲ့ဖူးတာမျိုးမရှိကြပါဘူး။ ဒါပေမဲ့အပန်းဖြေခရီးမှာ သူတို့နှစ်တွဲပဲရှိတာကြောင့် မြန်မြန်ဆန်ဆန်ပဲ ရင်းနှီးသွားကြပါတယ်။ သူတို့နှစ်ဖက်ဟာ တစ်တွဲနဲ့တတွဲ ဆန့်ကျင်ဘက်တွေဖြစ်ကြပြီးမထင်ထားတဲ့ဖြစ်ရပ်တွေဖြစ်လာတဲ့အခါမှာတော့ သူတို့ရဲ့ ရင်းနှီးမှုတွေကြားမှာ ဖုံးကွယ်ထားတဲ့ခံစားချက်တွေ၊ စိတ်လှုပ်ရှားမှုတွေ၊ အလှည့်အပြောင်းတွေဖြစ်လာတဲ့အခါ...။