Maid Robot FHD

Maid Robot

Thriller Science Fiction FHD 2026-03-13 5.5 56 Min

တီထွင်ဖန်တီးရှင် Dr. Roth က Lisa နဲ့ Anastasia ဆိုတဲ့ လူသားနဲ့တူတဲ့ အဆင့်မြင့်နည်းပညာနဲ့ အိမ်ဖော်စက်ရုပ်နှစ်ရုပ်ကို တီထွင်ခဲ့တယ်။ ဒါပေမဲ့ လောဘကြီးတဲ့ စီးပွားရေး ရင်းနှီးမြှပ်နှံသူတစ်ယောက်ဖြစ်တဲ့ Dr. Race ရောက်လာပြီး အကျိုးအမြတ်ရဖို့အတွက် အဲ့ဒီနည်းပညာရဲ့ အသေးစိတ်ဒေတာတွေကိုတောင်းလာတဲ့အခါမှာတော့ Dr. Roth က Dr. Race ကို မယုံဘဲ သူတို့နှစ်ယောက်ကြား ညှိနှိင်းငြင်းခုံရင်း အခြေအနေတွေ တင်းမာလာခဲ့ပါတယ်။ ဒါပေမဲ့ တချိန်တည်းမှာပဲ စက်ရုပ်နှစ်ရုပ်က ကြောက်စရာကောင်းလောက်အောင် လူသားဆန်တဲ့ ကိုယ်ပိုင်အသိစိတ်တွေဝင်လာပြီး ပရိုဂရမ်ထည့်ထားတဲ့အထဲ မပါတဲ့အိပ်မက်တွေမက်လာတယ်၊ ကိုယ်ပိုင်စရိုက်တွေ ပေါ်လာကြတယ်။ အဲဒီအချိန်မှာ Dr. Roth က သူ့ရဲ့စက်ရုပ်နှစ်ရုပ်ကို လုံးဝ အထိန်းအကွပ်မဲ့ ဖြစ်မသွားခင် မကောင်းတဲ့လူလက်ထဲ ရောက်မသွားဖို့ ကာကွယ်တားဆီးနိုင်မလားဆိုတာကိုစိတ်ဝင်တစားကြည့်ရှုရမယ့်  sci-fi dark comedy အမျိုးအစား အင်ဒီဇာတ်လမ်းကောင်းတစ်ပုဒ်ပဲဖြစ်ပါတယ်။