စဲဗေ့ချ်ဝဲလ်စ်ဆိုတဲ့ မြို့ငယ်လေးဟာ တိတ်ဆိတ်အေးချမ်းတဲ့ မြို့ငယ်လေးတစ်ခုဖြစ်ပြီး မြို့ခံတွေက ခပ်ကြောင်ကြောင်ဓလေ့စရိုက်ရှိသူတွေများကြပါတယ်။ ပေ့စလီကတော့မြို့ခံမိန်းမငယ်တစ်ယောက်ဖြစ်ပြီး သူ့ရဲ့လူမှုဆက်ဆံရေးကောင်းမွန်မှု သေနတ်ပစ်ကျွမ်းကျင်မှုနဲ့မြို့အပေါ်စေတနာထားမှုတွေကြောင့်နယ်ခံရဲအရာရှိတာဝန်ကိုယာယီထမ်းဆောင်နေခဲ့တာကြာပါပြီ။ ဒါပေမယ့် ဝိုင်အိုးမင်း နယ်မြေကရောက်လာတဲ့ နာမည်ကျော် တရားဥပဒေထိန်းသိမ်းရေးသမား ကိတ်အိုဘရိုင်ယန်ဆိုတဲ့ ပြိုင်ဘက်ကောင်းတစ်ယောက် ရောက်လာချိန်မှာတော့ သူ့အနေနဲ့လက်ရှိနေရာကို အပြိုင်လုရဖို့ဖြစ်လာပါတော့တယ်။ရဲအရာရှိနေရာကို အသီးသီးရရှိဖို့ကြိုးစားရင်း တစ်ယောက်နဲ့တစ်ယောက် စကားနာထိုး ဘုဘောက်ကျကြရင်းကနေ အပြန်အလှန်သံယောဇဉ်တွေတွယ်စပြုလာချိန်မှာတော့သူတို့မြို့လေးရဲ့ဒေသခံဘဏ်ကို နယ်မြေအတွင်း အဓိကဘဏ်ခွဲအဖြစ် သတ်မှတ်လိုက်တဲ့သတင်းစကားနဲ့အတူလောဘတက်လောက်စရာ ငွေအမြောက်အမြားရောက်ရှိလာချိန်မှာတော့ဒီငွေနောက်ကိုလိုက်မယ့် ဓားပြတွေသူခိုးတွေရဲ့ရန်ကနေ အတူတူလက်တွဲကာကွယ်ကြရတော့မှာဖြစ်ပါတယ်။အခုချိန်မှာ ဘတ်ဆဲလာတစ်ယောက်ဖြစ်လာတဲ့ စာရေးဆရာမ Sarah M. Eden ရဲ့နာမည်ကျော်၀တ္ထုကိုအခြေခံထားပြီးမူရင်းနာမည်အတိုင်း ရိုက်ကူးတင်ဆက်ထားတဲ့ ဒီဇာတ်ကားဟာWestern အငွေ့အသက်တွေနဲ့ရှုစားရမယ့် ရှားရှားပါးပါး Rom/com ဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။