ဂျက်ထရီဗာဆိုတဲ့ အမေရိကန်တပ်သားတစ်ယောက်က သူ့မိန်းမကိုရှာဖွေဖို့ တပ်ပြေးလုပ်ခဲ့ပါတယ်။ ဘယ်လောက် တောင်စိတ်နာလဲဆိုရင် တွေ့တာနဲ့သတ်ပစ်မယ်ဆိုပြီး ကြိမ်း ဝါးထားပါသေးတယ်။ ဒီလိုနဲ့ အချိန်တော်တော်ကြာအောင် ရှာဖွေပြီးတဲ့နောက်မှာ လူအုပ်စုလိုက်ကြီး အသတ်ခံရတဲ့စခန်း ဆီ ရောက်သွားပါတော့တယ်။ မထင်မှတ်ဘဲ သူတို့နှစ်ယောက်ရဲ့ပန်းတိုင်ကိုမရောက်ခင် ပြဿနာ တွေက သူတို့ကိုအရင်လာရှာနေပါပြီ။ မသေဘဲကျန်ခဲ့တဲ့ ဆာရာ နောက်ကို အင်ဒီးယန်းတွေလိုက်လာပြီးတော့ ထရီဗာနောက်ကို လည်း တပ်ဘက်ကလိုက်လာခဲ့ပါတယ်။ ပြဿနာတွေတန်းစီနေပြီး တော့ ထရီဗာတစ်ယောက် ဆာရာကိုစောင့်ရှောက်နိုင်ပါ့မလား၊ သူရှာနေတဲ့ သူအမျိုးသမီးနဲ့တွေ့နိုင်ပါ့မလားဆိုတာကိုတော့ ဒီ ဇာတ်ကားလေးထဲမှာဆက်လက်ကြည့်ရှုရမှာဖြစ်ပါတယ်။