The Invite FHD

The Invite

Comedy Drama Romance FHD 2026-06-25 7.7 107 Min

ဒီဇာတ်ကားကတော့ Comedy, Drama နဲ့ Romance အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Jonathan Dayton နဲ့ Valerie Faris တို့က ရိုက်ကူးထားပြီးသရုပ်ဆောင်တွေအဖြစ် Amy Adams, Paul Rudd, Tessa Thompson နဲ့ Alan Cumming တို့က ပါဝင်သရုပ်ဆောင်ထားကြပါတယ်။ ရန်ဖြစ်ပြီးကွဲခါနီးဖြစ်နေတဲ့လင်မယားနှစ်ယောက်အိမ်ကို ဘေးခန်းက လင်မယားကလာလည်ပြီး အုပ်စုလိုက်ပျော်ပါးဖို့လာစည်းရုံးတဲ့ကားပါ။ တစ်ကားလုံးတလွဲချည်းတွေ ပြောကြပြီး ခွီနေရတာမျိုးပါ။မိသားစုနဲ့တော့မကြည့်သင့်ပါဘူး။ အိမ်ထောင်သက်တမ်း ကြာမြင့်လာတာနဲ့အမျှ တစ်ယောက်ပေါ်တစ်ယောက် ခံစားချက်တွေ ပျောက်ဆုံးပြီး စိတ်ဆင်းရဲစရာ အေးစက်စက် အိမ်ထောင်ရေးကို ဖြတ်သန်းနေရတဲ့ Joe နဲ့ Angelaဆိုတဲ့ ဇနီးမောင်နှံနှစ်ယောက်ဆီကနေ ဇာတ်လမ်းစတာပါ။တစ်နေ့မှာတော့ Angela ဟာ သူတို့အိမ်ရဲ့ အပေါ်ထပ်မှာ နေထိုင်ပြီး အပျော်အပါးမက်ကြတဲ့ အိမ်နီးချင်း ဇနီးမောင်နှံကို ညစာစားပွဲဖိတ်မိလိုက်ပါတယ် ။ အဲဒီညစာစားပွဲကိုတက်ရောက်ရင်းကနေ မမျှော်လင့်ထားတဲ့ ရှုပ်ထွေးဆန်းကြယ်တဲ့ အခြေအနေတွေ၊ မထင်မှတ်ထားတဲ့ ပွင့်လင်းလွန်းတဲ့ ကမ်းလှမ်းမှုတွေနဲ့ ကြုံတွေ့လိုက်ရတဲ့အခါ မိသားစုနဲ့အိမ်ထောင်ရေးအပေါ် ထားရှိတဲ့ သူတို့ရဲ့ အမြင်တွေ ပြောင်းလဲသွားပြီး ဟာသနဲ့ ဒရာမာ ပေါင်းစပ်ထားတဲ့ ရုပ်ရှင်ကောင်းတစ်ကားပဲ ဖြစ်ပါတယ်။