Jackass ပရိသတ်တွေအဖို့ အသစ်ထွက်လာလို့ ဝမ်းလည်းသာရ နောက်ဆုံးရုပ်ရှင်ဖြစ်နေတော့လည်း ဝမ်းနည်းရမှာ အမှန်ပါပဲ။ အကြမ်းစားစတန့်တွေဆိုတော့လည်း ဆရာသမားတွေကအသက်အရွယ်လည်းရလာတော့ နားဖို့ ဆုံးဖြတ်လိုက်တာနဲ့ တူပါတယ်လေ။ ဖြတ်သန်းခဲ့ရတဲ့ကာလကလည်း နှစ်ပေါင်း ၂၀ ကျော်တောင် ရှိပြီကိုး။ ဒီမှာတစ်ခုပြောစရာရှိတာက တစ်ကားလုံးစတန့်အသစ်တွေ မဟုတ်တော့ပဲ အရင်ဇာတ်ကားထဲက ကောင်းနိုးရာရာတွေကို ပြန်ပြပြီး အသစ်လေးတွေ ညှပ်ညှပ်ထည့်ပေးထားတာမို့ အားမရချင်စရာတော့ ရှိပါတယ်။ အခုဆို Jackass: Best and Last ဆိုပြီး နောက်ဆုံးရုပ်ရှင်ကားထွက်လာပြီပဲ ဖြစ်ပါတယ်။ ကဲ ဒီတော့ ဒီ အနာခံနိုင်တဲ့ ငပိန်းကောင်တစ်သိုက် လုပ်ပြတဲ့ ပေါက်ကရ စတန့်ပြကွက် အဖောက်ဟာကပြကွက်တွေနဲ့အတူ ဘဝအမောများ ပြေနိုင်ပါစေလို့ ဆုတောင်းပေးရင်း နိဂုံးချုပ်လိုက်ပါရစေဗျာ...။