The Kindred FHD

The Kindred

Horror Science Fiction FHD 1987-01-09 6.062 93 Min

သိပ္ပံပညာရှင် အမန်ဒါဟာ သူမသေခင်မှာ သားဖြစ်သူ ဂျွန်ကို သူ့ရဲ့အန္တရာယ်များလှတဲ့ စမ်းသပ်မှု ဓာတ်ခွဲခန်းမှတ်တမ်း အားလုံးကိုဖျက်ဆီးပစ်ဖို့တောင်းဆိုခဲ့ပါတယ်။ အဲ့ဒီအပြင် ဂျွန်မှာထင်မှတ်မထားတဲ့ ညီအစ်ကိုတစ်ယောက်ရှိနေသေးတယ်ဆိုတဲ့ လျှို့ဝှက်ချက်ကိုလည်း မသေခင်မှာ ထုတ်ပြောသွားခဲ့တာပါ။ အမန်ဒါရဲ့ ဈာပနပွဲမှာတော့ ဂျွန်ဟာ သူ့အမေရဲ့အကြီးစား ပရိသတ်ပါလို့ မိတ်ဆက်လာသူ မယ်လီဆာနဲ့တွေ့ဆုံခဲ့ပြီး ဂျွန် မယ်လီဆာနဲ့ သူငယ်ချင်းတွေဟာအမန်ဒါရဲ့နေအိမ်ကိုသွားရောက်ခဲ့ကြပါတယ်။အဲ့ဒီနေရာမှာတော့ လူသားကလေးငယ်ကို နှာမောင်းလက်တံတွေ ပါဝင်နေတဲ့ ကြောက်စရာ အန်သိုနီကို တွေ့ရှိခဲ့ကြရပြီးနောက် ဒီဖြစ်ရပ်တွေရဲ့နောက်ကွယ်က ပဟေဠိတွေကိုအတူအဖြေရှာရင်း အန်သိုနီနဲ့တစ်ခြားအမျိုးအမည်မသိ အန္တရာယ်တွေကို အတူရင်ဆိုင်ကြရပါတော့တယ်။    The Kindred ဟာ ၁၉၈၇ နှစ်ထုတ် Sci-Fi Horror ဇာတ်ကားဖြစ်ပြီး ဂန္ဓဝင်ကာလရဲ့ အငွေ့အသက်တွေ အများကြီးကိုခံစားရမှာပါ။ CGI တွေကို အထူးပြုလို့မရသေးတဲ့ခေတ်မှာ အခုချိန်ထိထူးခြားဆန်းသစ်နေဆဲ Practical Effects တွေကိုတွေ့မြင်ရပါလိမ့်မယ်။