ဟာမားအက်ဖ်ကလစ် ဆိုတဲ့ ပထမဆုံး စိတ်ကူးယဥ်အနုပညာကိုဆွဲပြခဲ့တဲ့ ပန်းချီဆရာမလေးအကြောင်း ရိုက်ပြထားတဲ့ အတ္ထုပ္ပတ္တိ (Biography) ဇာတ်ကားပဲဖြစ်ပါတယ် ဆွီဒင်ပန်းချီဆရာမ ဟာမားအက်ဖ်ကလင့်ဟာ စိတ်ကူးယဥ်ပန်းချီဆွဲသူအနေနဲ့ ကမ္ဘာမှာလူသိများပါတယ်။ ထူးဆန်းတာက သူ့ရဲ့အတွေးအခေါ်တွေက ဝိညာဥ်တွေဆီကပဲ ရတယ်ပြောတော့ အဲဒီခေတ်ကလူတွေကယုံရခက်ခဲ့ကြပါတယ်။ ခေတ်ကလည်း ပန်းချီလို့ပြောလိုက်ရင် လက်တွေ့ဆန်တဲ့ ရှူခင်းပုံတွေကိုပဲ သိကြသေးတဲ့ခေတ်ဆိုတော့ ဒီဇာတ်ကားထဲမှာ… – ဝိညာဥ်လောကက တစ်ကယ်ရှိတာလား – ဟာမား ဘယ်လို ပန်းချီဆွဲချင်သွားတာလဲ – ဟာမားရဲ့ အချစ်ရေး – လူတွေက ဟာမား အလုပ်ကို အသိအမှတ်ပြုခဲ့လား – ဟာမား ဘယ်လိုအခက်အခဲတွေကြုံတွေ့ခဲ့ရလဲ – ဟာမား အိပ်မက်တွေကို လက်လျော့ခဲ့လား – ဟာမားရဲ့အိပ်မက် အကောင်အထည်ပေါ်သွားခဲ့လား စတာတွေကို စိတ်ဝင်တစားဖြစ်အောင် ရိုက်ပြထားတာတွေ့ရမှာဖြစ်ပါတယ်။ အဲဒါအပြင် ဟာမားရဲ့ လှပတဲ့ အနုပညာပန်းချီကားတွေကိုလည်း ထည့်သွင်း ရိုက်ပြထားပါသေးတယ်။