The Break-Up FHD

The Break-Up

Comedy Romance FHD 2006-06-01 5.9 106 Min

ဒီဇာတ်ကားလေးကတော့ ကျနော်တို့ငယ်ငယ်ကတည်းက ရင်းနှီးလာခဲ့တဲ့ သရုပ်ဆောင်တွေဖြစ်တဲ့ မင်းသမီးကြီး ဂျနီဖာ အန်နီစတန်အပြင် တခြားသရုပ်ဆောင်တွေနဲ့အတူ ၂၀ရာစုအစောပိုင်းက အမေရိကန် ချီကာဂိုမြို့ကြီးရဲ့ ခံစားချက်နဲ့အတူ Romance Comedy ကားလေးကို ကြည့်ရှုရမှာ ဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ ဂယ်ရီနှင့် ဘရွတ်ခ်ဟာ ဘေ့စ်ဘောပွဲမှာ ပထမဆုံး တွေ့ဖူးခဲ့ကြပြီး စကားပြောဖြစ်ရာကနေ သမီးရည်းစားဖြစ်သွားကြပြီး နှစ်ယောက်တစ်အိပ်မက်မက်တာဈေးမြောက်တဲ့ကွန်ဒိုတိုက်ခန်းတစ်ခုကိုတောင် အတူတူစပ်ပြီး အရစ်ကျ ငွေသွင်းကာ ဘဝကို အတူတူ ဖြတ်သန်းခဲ့ကြပါတယ်။ဒါပေမယ့် အချစ်ခရီးလမ်းက မဖြောင့်ဖြူးဘူးဆိုတဲ့အတိုင်း ချီကာဂိုမြို့ကြီးကို လှည့်လည်ပြသရတဲ့ ဧည့်လမ်းညွှန်လုပ်တဲ့ ဂယ်ရီက အိမ်ပြန်လာရင် ဂိမ်းလေးဆော့၊ နားအေးပါအေးအနားယူချင်သူပါ။တစ်ဖက်မှာတော့ ပန်းချီပြခန်းမှာ အလုပ်လုပ်တဲ့ဘရွတ်ခ်ကလည်း အိမ်ပြန်လာရင် နှစ်ယောက်စာ စားဖို့သောက်ဖို့ ချက်ပြုတ်၊ ဂယ်ရီချွတ်ထားတဲ့ဘောင်းဘီတွေ ခြေအိတ်တွေ လိုက်သိမ်းရ၊ဂယ်ရီကလည်း ကူဖော်လောင်ဖက်မရတော့ စိတ်ချဉ်ပေါက်လာပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူတို့နှစ်ယောက်ဟာ အကြီးအကျယ် ရန်ဖြစ်ပေါက်ကွဲကြပြီး လမ်းခွဲလိုက်ကြပေမဲ့ ကွန်ဒိုက တူတူစပ်ဝယ်နေတာဖြစ်လို့ နှစ်ယောက်ကလည်းတခြားသွားစရာနေရာမရှိပဲ အတူတူ ဆက်နေရဖို့ ဖြစ်လာပါတယ်။ဒီတော့ သူတို့နှစ်ယောက် တိုက်ခန်းတစ်ခုကို အတူစပ်နေရင်း ဘယ်လိုတွေနှစ်ပါးသွားကြမလဲ၊ သူတို့တွေ ကွဲကွာသွားကြမလား၊ ပြန်ပေါင်းထုပ်သွားမလားဆိုတာ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်ပါတယ်။