Space Cadet FHD

Space Cadet

Family Science Fiction Animation FHD 2026-02-20 5.8 86 Min

ဒီဇာတ်ကားကတော့ Animated Sci-Fi နဲ့ Musical Fable အမျိုးအစား ရုပ်ရှင်ဇာတ်ကားပဲ ဖြစ်ပါတယ်။ ဒါရိုက်တာ Kid Koala က ရိုက်ကူးထားပြီး စကားပြော လုံးဝမပါဘဲ visual တွေနဲ့ဂီတအသံပြိုင်တွေနဲ့ပဲ ပုံဖော်ထားတဲ့ ကြည့်ရှုချိန် 1h 26m ကြာမြင့်တဲ့ ကာတွန်းရုပ်ရှင်ကား ဖြစ်ပါတယ်။အာကာသယာဉ်မှူးမလေး Celeste နဲ့ သူမကို ငယ်စဉ်ကတည်းက စောင့်ရှောက်ပြုစုပျိုးထောင်ပေးခဲ့တဲ့ Guardian Robot ဆိုတဲ့ စက်ရုပ်ကြီးတို့ကြားက သံယောဇဉ်ကိုဇာတ်အိမ်တည်ထားတာပါ။ Celeste တစ်ယောက် သူမရဲ့ ပထမဆုံး အာကာသခရီးစဉ်ကို စတင်ထွက်ခွာသွားတဲ့အခါ အိမ်မှာ ကျန်ခဲ့တဲ့ စက်ရုပ်ကြီးဟာ အထီးကျန်မှုတွေနဲ့အတူစက်ပစ္စည်းတွေ ဟောင်းနွမ်းယိုယွင်းလာခဲ့ပါတယ်။ အာကာသထဲမှာ Celeste တစ်ယောက် အန္တရာယ်နဲ့ ရင်ဆိုင်ရတဲ့အခါ ငယ်စဉ်က စက်ရုပ်ကြီးနဲ့ ကုန်လွန်ခဲ့တဲ့ အမှတ်တရတွေကိုပြန်လည်သတိရရင်း အခက်အခဲတွေကို ကျော်ဖြတ်ဖို့ ကြိုးစားရပုံကို ဂီတနဲ့အတူ ခံစားချက်ပါပါ ရိုက်ကူးထားတဲ့ အရမ်းချစ်စရာကောင်းတဲ့ ကာတွန်းကားကောင်းတစ်ကားပဲ ဖြစ်ပါတယ်။