ဒီတစ်ခေါက်မှာတော့ ဖြစ်ရပ်မှန်ကိုအခြေခံထားတဲ့ Biographical war film လေးတစ်ကားကိုရွေးချယ်ထားပါတယ် ကိုရီးယားစစ်ပွဲအတွင်း ရဲရင့်စွာတိုက်ခိုက်ခဲ့တဲ့ အမေရိကန်ရေတပ်ရဲ့ ပထမဆုံးလူမည်းလေယာဉ်မှူး ဂျက်စီဘရောင်းအကြောင်းကို တင်ဆက်ထားတာဖြစ်ပါတယ် တိုက်ပွဲအတွင်း တပ်ကြပ်ကြီးတွမ်ဟက်ဒနာနဲ့ အတွဲညီစွာလက်တွဲတိုက်ခိုက်ပြီး ခင်မင်ရင်းနှီးတဲ့ဆက်ဆံရေးရှိခဲ့ပုံကိုလည်း ရိုက်ကူးပြထားပါတယ် ဒီကားထဲမှာဆိုရင် ရေတပ်လေယာဉ်မှူးတွေရဲ့အခက်အခဲ အန္တရာယ်တွေကြားကမစ်ရှင်အတွက်ကြိုးပမ်းပုံတွေကို မြင်တွေ့ကြရမှာပါ ဒါ့အပြင်လူမည်းဖြစ်တဲ့အတွက်ကြောင့် နှစ်ဆပိုပြီးကြိုးစားခဲ့ရတဲ့လေယောဉ်မှူး ဂျက်စီဘရောင်းရဲ့ဘဝကို စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာဖြစ်လို့ လက်မလွှတ်သင့်တဲ့ကားကောင်းလေးပါ