23 000 Lives FHD

23 000 Lives

Drama FHD 2026-07-02 5.906 112 Min

လူးကတ်စ်ဆိုတဲ့လူငယ်လေးတစ်ယောက်ဟာ အသက်ငယ်စဉ်ကတည်းက လူမှုကူညီရေး အသက်ကယ်ဆယ်ရေးတွေအကြောင်းကို စိတ်ဝင်စားပြီး ပရဟိတစိတ်ရှိလာခဲ့တာပါ။ ဒီလိုနဲ့သူအရွယ်ရောက်လာတဲ့တစ်လျှောက် ဒီပရဟိတစိတ်က စိတ်ကူးစိတ်သန်းတစ်ခုအနေနဲ့ရှိရုံတင်သာမက လက်တွေ့မှာအကောင်အထည်ဖော်ဖို့ပါ တကယ်စိတ်ပါတဲ့အထိဖြစ်လာခဲ့ပါတယ်။တစ်ချိန်တည်းမှာပဲ သူဟာနိုင်ငံတကာဆက်ဆံရေးဘာသာရပ်နဲ့ တက္ကသိုလ်တက်နေသူတစ်ဦးဖြစ်ပါတယ်။ ဒီလိုနဲ့ တစ်နေ့မှာ ဂျာမန်နိုင်ငံအနီးရှိ မြေထဲပင်လယ်ဝန်းကျင်မှာရေးဘေးအန္တရာယ်ဖြစ်ပြီး ဒုက္ခရောက်နေသူ သေဆုံးနေရသူပေါင်းများစွာကို လူးကတ်စ်တစ်ယောက်ကြုံလာရတဲ့အခါ လူမှုကယ်ဆယ်ရေးလုပ်ဖို့အတွက် စတင်ကြိုးပမ်းလာပါတော့တယ်။အစပိုင်းမှာတော့ သူကိုယ်တိုင်နဲ့ အသိသူငယ်ချင်းတစ်ဦးသာရှိတဲ့အတွက် ဘယ်လူမှုကူညီရေးအသင်း ဘယ်ငွေကြေးစီမံဌာနမှကူညီပံ့ပို့ပေးချင်တာမျိုးမရှိခဲပေမယ့် လပေါင်းများစွာကြိုးစားပြီးတောင့်ခံလာတာနဲ့အမျှ တဖြည်းဖြည်း လှူဒါန်းသူတွေ မီဒီယာတွေက အရေးစိုက်လာခဲ့ပြီး နောက်ပိုင်းမှာ ပညာရှင်တွေကနေပါ ပရဟိတအနေနဲ့ နောက်ကွယ်ကနေ ပံ့ပိုးကူညီလာကြတဲ့အခါဒီမြေထဲပင်လယ်မှာ အသက်အန္တရာယ်ရှိနေတဲ့ လူများစွာထဲကမှ အသက်ပေါင်း ၂၃၀၀၀ ကူညီပေးနိုင်ခဲ့တဲ့ လူးကတ်စ်ရဲ့ရေဘေးကယ်ဆယ်ရေးခရီးစဉ်ကလက်တွေ့အကောင်အထည်ပေါ်လာပါတော့တယ်။