ပန်ဂျာဘီ ရုပ်ရှင်လောကမှာ အက်ရှင်၊ ဒရာမာဇာတ်ကားတွေနဲ့ နာမည်ကြီးတဲ့ ရုပ်ရှင်မင်းသား Parmish Verma ရဲ့ ခက်မိုက်မိုက် အက်ရှင်ဇာတ်ကားအသစ်ကတော့ပူပူနွေးနွေးနဲ့ထွက်ရှိလို့လာပါပြီ။ကနေဒါ ကနေ ဇာတိမြေကိုပြန်လာကာ ချစ်သူ ဆာဟီဘာနဲ့ မင်္ဂလာဆောင်ပြီး ဘ၀ကိုအေးအေးချမ်းချမ်းနဲ့ ဖြတ်သန်းဖို့ပြင်ဆင်နေတဲ့ ရှီရာ တစ်ယောက် အစ်ကိုဖြစ်သူ ယာဒီ ဟာမသင်္ကာဖွယ်ရာ မတော်တဆမှုတစ်ခုကြောင့် ေ_သဆုံးသွားကြောင်းကိုသိလိုက်ရပါတယ်။အစ်ကိုဖြစ်သူကို အရမ်းချစ်တဲ့ ရှီရာဟာ သူ့အစ်ကို ကိုဆုံးရှုံးသွားရတဲ့စိတ်ကြောင့် နေ့စဉ်နဲ့အမျှ ၀မ်းနည်းပူဆွေးနေရတော့တာပေါ့။ဘ၀ကိုအေးအေးချမ်းချမ်းဖြတ်သန်းချင်တဲ့ရှီရာဟာ သူ့ရဲ့ဘ၀ကမအေးချမ်းတော့ပဲ အစ်ကိုဖြစ်သူအတွက် လက်စားချေဖို့ ပြင်ဆင်ရင်း အကြမ်းဖက် အာဏာလုပွဲအလယ်ကိုရောက်ရှိသွားတဲ့အခါမှာတော့.....။