အိန္ဒိယရဲ့ နာမည်ကျော် ဟာသရုပ်ရှင်တွဲဖြစ်တဲ့ Welcome series ရဲ့ တတိယမြောက် ရုံတင်ရုပ်ရှင်ကားကိုတင်ဆက်ပေးချင်ပါတယ်။ ဒီကားထဲမှာ ပါနေကျ မင်းသားကြီးအက်ရှေးကူးမားနဲ့အတူ ဆူနီယယ်ရှက်တီ၊ ပါရေ့ရှ်ရာဝယ်၊ အာရှက်ဝါစီတို့လို ဝါရင့်တွေအပြင် ဘောလိဝုဒ်ရဲ့ အလှဘုရင်မတွေဖြစ်ကြတဲ့ ဒီရှား၊ ဂျက်ကလင်း၊ ရာဗီနာတန်ဒန်နဲ့လာရာဒူတာတို့လို မင်းသမီးချောတွေကပါ မြိုင်မြိုင်ဆိုင်ဆိုင်အားဖြည့်ထားပါတယ်။ဇာတ်လမ်းကတော့ တရားမဝင်၊ တရားဝင် လုပ်ငန်းအမျိုးအမျိုးကြောင့် မဟားဒယားချမ်းသာနေတဲ့သူဌေးကြီးတစ်ဦးဟာ အစိုးရအပြောင်းအလဲမှာ အခွန်ရှောင်ထားတာတွေမပေါ်ဖို့အတွက်ခွက်ခွက်လန်အောင်အရှုံးပေါ်နေပါတယ်ဆိုတဲ့ လုပ်ငန်းတစ်ခု အရှိပြဖို့လိုပါတာကြောင့် ရုပ်ရှင်ထုတ်လုပ်ဖို့ဆုံးဖြတ်လိုက်ပါတယ်။ အဲဒါကြောင့် သူဌေးကြီးဟာ ၁၀ ကားဆက်တိုက်အရှုံးပေါ်နေတဲ့ ဒါရိုက်တာနှစ်ယောက်၊ ငါးနှစ်ဆက်တိုက် ရုပ်ရှင်မရိုက်ရတဲ့မင်းသားတစ်ယောက်ကိုငှားပြီး ၅ သောင်းတောင်းရင် သိန်းငါးဆယ်ပေးကာ ခွက်ခွက်လန်ရှုံးမယ့်ရုပ်ရှင်ရိုက်ဖို့စီစဉ်ပါတယ်။ အဲဒီဒါရိုက်တာနှစ်ယောက်ကလည်း အတတ်စူးရောက်ပြီး တောတွင်းကိုသွားရတဲ့ စစ်သားတွေအကြောင်းကို တကယ့်တောထဲမှာသွားရိုက်ခဲ့ပြီး ဘက်ဂျက်ကျေးဇူးနဲ့ပီပြင်လွန်းတာကြောင့် တောထဲက လက်နက်ကိုင်အဖွဲ့တွေနဲ့ တွေ့လာတဲ့အခါ...။ရုပ်ရှင်အဖွဲ့သားတသိုက်ရဲ့ တောအုပ်ထဲကအလွဲအချော်တွေကို ပိတ်ကားမဟုတ်တဲ့ ဖန်သားပြင်ပေါ်မှာ ဆက်လက်ကြည့်ရှုအားပေးကြပါဦး။