Ranapati Shivray Swari Agra FHD

Ranapati Shivray Swari Agra

Drama History FHD 2026-02-06 5.6 168 Min

ဒါရိုက်တာ ဒစ်ဂ်ပါလ်လန်ဂျယ်ကာရဲ့ မင်းကြီးရှီဗာဂျီ ရာဇဝင် ရုပ်ရှင်စီးရီးရဲ့ ၆ ကားမြောက် အဆက်ရုပ်ရှင်ကို တင်ဆက်ပေးချင်ပါတယ်။ ဒီရုပ်ရှင်ကတော့ အားလုံးသိတဲ့ မာရသာဧကရာဇ်မင်းကြီးရှီဗာဂျီရဲ့ သမိုင်းဝင် အာဂရာခရီးစဉ်နဲ့ လွတ်မြောက်ခန်းကို အခြေခံရိုက်ကူးထားတာပါ။ပူရန်ဒါ စာချုပ်အရ မင်းကြီးရှီဗာဂျီဟာ မဂိုဧကရာဇ် အော်ရန်ဇက်နဲ့ တွေ့ဆုံဖို့ အာဂရာကို သွားခဲ့ပါတယ်။  ဒါပေမဲ့လည်း မင်းကြီးဟာ လှည့်စားခံရကာ နိုင်ငံရေးထောင်ချောက်ဆင်ခံရပြီးအာဂရာမှာ အကျဉ်းချခံလိုက်ရပါတယ်။ အဲဒီလို အကျဉ်းကျရာကနေ မဂိုတွေရဲ့ စောင့်ကြပ်မှု အထပ်ထပ်ကြားက မင်းကြီးရဲ့ ပါးနပ်လှတဲ့ စစ်ဗျူဟာ၊ သစ္စာရှိတပ်သားတွေရဲ့ ပေးဆပ်မှုနဲ့အတူသေကံမရောက် သက်မပျောက် လွတ်မြောက်အောင် စွန့်စားပုံတွေကို ရင်သပ်ရှုမောဖွယ် ပုံဖော်ထားတာဖြစ်ပါတယ်။