Our Season FHD

Our Season

Drama Fantasy FHD 2023-12-06 8.556 105 Min

ဒီကားက ပိုစ်စတာကလည်းဆွဲဆောင်မှုမရှိ...ခပ်မိုက်မိုက်မင်းသားတွေလည်းမပါ...မင်းသမီးကြီးတွေဖြစ်တဲ့ Kim Hae Sook ,Shin Min Ah တို့ပါတယ်ဆိုသော်ငြားလည်းကောင်းပါ့မလားလို့ ကျွန်တော့်လိုတွေးမိကြမယ်သူတွေများမယ်ထင်တယ်...သို့သော်ဒီကားက ၂၀၂၃ရဲ့ အကောင်းဆုံးသော ကွီးယားကားတွေထဲကို ထည့်ကိုထည့်ရမယ်ထင်တယ်...ဘတ်ဘို့ဂျာဆိုတဲ့အသက် ၆၀ ဝန်းကျင်အမျိုးသမီကြီးဟာနှလုံးရောဂါနဲ့ရုတ်တရက်ဆုံးပါးသွားတယ်..သေလွန်ပြီးလို့ ဝိညာဉ်ဘဝနဲ့ ရှိနေချိန် သေမင်းကနေ သူ့ကို အားလပ်ရက်အဖြစ် အချိန်(၃)ရက်ပေးပါတယ်..ပြောရရင် တခြားဘဝတစ်ခုကိုမကူးခင် နောက်ဆုံးဆန္ဒအနေနဲ့ ၃ ရက်မှာလုပ်ချင်တာလုပ်ပါစေဆိုတဲ့ သဘောပေါ့...ဘတ်ဘို့ဂျာဆိုတဲ့အမျိုးသမီးကြီးကတော့ သူမရဲ့  သမီးဖြစ်သူ အနားမှာနေရင်း အချိန်ကုန်ဆုံးမယ်လို့ဆုံးဖြတ်လိုက်ပါတယ်...ဒီလိုနဲ့ သမီးဖြစ်သူရှိတဲ့နေရာကို ရောက်သွားခဲ့တဲ့အချိန်မှာတော့...အားလုံးကိုပြောချင်တာကတော့ ဒီကားလေးကို ကြည့်ဖို့အချိန်မပေးနိုင်ရင်တောင်လောဆယ်ဒေါင်းသိမ်းထားကြပါ..အားလပ်တဲ့အချိန်လေးမှာ လူတိုင်းကြည့်ကြပါလို့တိုက်တွန်းချင်ပါတယ်...