ဒီကားဟာ ဒုတိယကမ္ဘာစစ်နောက်ခံနဲ့ နာဇီဇွန်ဘီတွေကို အခြေခံထားတဲ့ Horror / Action B-Grade ရုပ်ရှင်တစ်ကား ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်အတွင်း ဗြိတိန်နဲ့အမေရိကန်မဟာမိတ်တပ်ဖွဲ့က အထူးစစ်ဆင်ရေးအဖွဲ့တစ်ဖွဲ့ဟာ ပြင်သစ်မှာရှိတဲ့ နာဇီတို့ရဲ့ လျှို့ဝှက်နူကလီးယားဘန်ကာတစ်ခုကိုသတင်းအချက်အလက်ယူဖို့ ဝင်ရောက်စုံစမ်းကြပါတယ်။ဘန်ကာထဲရောက်တဲ့အခါ လူမရှိဘဲ စွန့်ပစ်ထားတဲ့နေရာလို့ ထင်ရပေမယ့် တကယ်တော့ နာဇီတွေဟာ စူပါစစ်သည်တော်တွေ ဖန်တီးဖို့ နူကလီးယားစမ်းသပ်မှုတွေလုပ်ရင်းအမှားအယွင်းဖြစ်ကာ ဘန်ကာထဲကလူတွေအားလုံး သွေးဆာနေတဲ့ စူပါဇွန်ဘီတွေအဖြစ် ပြောင်းလဲသွားခဲ့တာပါ။ မဟာမိတ်စစ်သည်အဖွဲ့ဟာ ဘန်ကာထဲကနေ အသက်ရှင်လွတ်မြောက်ဖို့နဲ့ဒီဇွန်ဘီကူးစက်မှုကို အပြင်မပျံ့နှံ့သွားအောင် အသက်လုတိုက်ခိုက်ကြရတဲ့ဇာတ်လမ်းပဲ ဖြစ်ပါတယ်။ဒီကားက Budget နည်းနည်းနဲ့ ရိုက်ထားတဲ့ B-Movie အမျိုးအစားဖြစ်တာကြောင့် Visual effects တွေ၊ သရုပ်ဆောင်မှုနဲ့ ဇာတ်လမ်းပိုင်းတွေက အားနည်းချက်များပါတယ်။ နာဇီဇွန်ဘီTheme ကိုမှ ပေါ့ပေါ့ပါးပါး ခေါင်းထဲအများကြီးမထည့်ဘဲ ကြည့်ချင်သူတွေအတွက် အဆင်ပြေပါလိမ့်မယ်။