Bol Bol Rani FHD

Bol Bol Rani

Thriller Mystery FHD 2026-07-17 4.9 125 Min

စိတ်ဝင်စားစရာကောင်းတဲ့ မာရသီစကားပြော စိတ္တဇသည်းထိတ်ရင်ဖိုရုပ်ရှင်လေးဖြစ်ပါတယ်။အေးအေးဆေးဆေးရှိတဲ့ ရွာလေးတစ်ရွာမှာ ဆိုးရွားတဲ့ လူသ-တ်မှုတစ်ခုဖြစ်ပွားခဲ့ပါတယ်။ အဲဒီအမှုကို စိတ်ဝင်စားတဲ့ အာဘတ်စ်ဆိုတဲ့ ဂျာနယ်လစ်တယောက်ဟာ အဲဒီရွာကိုရောက်လာပြီး အမှုနဲ့ပတ်သက်တာတွေကို လိုက်လံစုံစမ်းပါတယ်။ အမှုနဲ့ပတ်သက်တဲ့သူတွေကို အာဘတ်စ် မေးမြန်းခဲ့ပေမဲ့ သူတို့ရဲ့ဇာတ်လမ်းတွေက တစ်ယောက်နဲ့တစ်ယောက် မတူညီဘဲ ယုံကြည်ရခက်စရာတွေဖြစ်နေပါတယ်။ ဒါပေမဲ့ တူတာတစ်ခုကတော့ အားလုံးရဲ့ဇာတ်လမ်းထဲမှာ မာယာဆိုတဲ့အမျိုးသမီးတစ်ယောက်က စရိုက်အမျိုးမျိုးပြောင်းလဲပြီး အဓိကနေရာက ပါနေတာပါ။ မာယာရဲ့ တကယ့်ပုံစံက ဘယ်လိုမျိုးလဲ၊ တရားခံကဘယ်သူလဲ၊ ဘယ်သူတွေကလိမ်ညာနေတာလဲဆိုတာကို ဂျာနယ်လစ်အာဘတ်စ်နဲ့အတူ လိုက်စုံစမ်းနေရသလိုခံစားရစေမယ့် စိတ္တဇရုပ်ရှင်ကောင်းလေးပဲဖြစ်ပါတယ်...။