Nando Between Two Worlds - A Sintonia Film FHD

Nando Between Two Worlds - A Sintonia Film

Crime Drama Thriller FHD 2026-08-12 5.976 109 Min

မှုခင်းနဲ့ ဒရာမာ ဇာတ်လမ်းကောင်းတွေကို နှစ်သက်တဲ့ ပရိသတ်ကြီးအတွက် ဒီနေ့တော့ ဩဂုတ်လ (၁၂) ရက်နေ့ကမှ Netflix မှာ အသစ်ထွက်ရှိထားတဲ့ ဘရာဇီးလ် မှုခင်းရုပ်ရှင် "Nando Between Two Worlds - A Sintonia Film" (၂၀၂၆) ကို Review လုပ်ပေးချင်ပါတယ်။ ဒီကားဟာ Netflix ရဲ့ နာမည်ကြီး ဘရာဇီးလ် ဇာတ်လမ်းတွဲ "Sintonia" ရဲ့ Spin-off ဇာတ်ကားကြီးဖြစ်ပါတယ်။ဇာတ်လမ်းဟာ နန်ဒို (Nando) လို့ခေါ်တဲ့ လူမိုက်ဂိုဏ်းခေါင်းဆောင်ဟောင်း တစ်ယောက်ရဲ့ ဘဝကို အဓိကထား ရိုက်ကူးထားတာပါ။ နန်ဒိုဟာ ဘရာဇီးလ် မှုခင်းလောကမှာဩဇာကြီးမားလာပြီးနောက် လွန်ခဲ့တဲ့ ငါးနှစ်ကတည်းက ဆားဘီးယား (Serbia) နိုင်ငံမှာ တိမ်းရှောင် ပုန်းအောင်းနေခဲ့တာ ဖြစ်ပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက်အရွယ် သမီးဖြစ်သူဘရူနင်ဟာ (Bruninha) အိမ်ကနေ ထွက်ပြေးသွားတဲ့အခါမှာတော့ နန်ဒိုတစ်ယောက် မတတ်သာဘဲ ဘရာဇီးလ်ကို ပြန်လာခဲ့ရပါတော့တယ်။  အိမ်ကိုပြန်ရောက်လာတဲ့အခါ သမီးဖြစ်သူနဲ့ဆက်ဆံရေးကို ပြန်လည်တည်ဆောက်ဖို့ ကြိုးစားရင်း၊ တစ်ဖက်မှာလည်း သူအရင်က ဦးဆောင်ခဲ့တဲ့ မှုခင်းဂိုဏ်းကြီးရဲ့ ဖိအားတွေနဲ့ လူယုံတွေရဲ့ သစ္စာဖောက်မှုတွေကိုရင်ဆိုင်လာရပါတယ်။ မှုခင်းလောကကို အပြီးတိုင် စွန့်ခွာပြီး မိသားစုကို အေးချမ်းတဲ့ အနာဂတ်တစ်ခု ပေးမလား၊ ဒါမှမဟုတ် ဂိုဏ်းအပေါ် သစ္စာစောင့်သိမလား ဆိုတဲ့ "ကမ္ဘာနှစ်ခုကြားက"အကျပ်အတည်းကို ရင်ခုန်စိတ်လှုပ်ရှားဖွယ် ရိုက်ကူးထားတာပါ။ ဒီဇာတ်ကားဟာ Sintonia ဇာတ်လမ်းတွဲကို အခြေခံထားတာ ဖြစ်တဲ့အတွက် မူရင်းဇာတ်ကောင်တွေဖြစ်တဲ့ Jottapê နဲ့ Bruna Mascarenhas တို့ကို ပြန်လည်မြင်တွေ့ရမှာပါ။ ဒါပေမယ့်ဇာတ်လမ်းတွဲကို မကြည့်ဖူးတဲ့ သူတွေအတွက်လည်း အချိတ်အဆက်မိမိနဲ့ နားလည်လွယ်အောင် ရိုက်ကူးထားတာမို့ Action / Crime Drama ကြိုက်သူတိုင်း သဘောကျမယ့်ဇာတ်ကားဖြစ်ပါတယ်"Nando Between Two Worlds" ဟာ မိသားစုမေတ္တာ၊ သစ္စာစောင့်သိမှုနဲ့ ကိုယ့်ရဲ့ အတိတ်ကနေ ရုန်းထွက်ဖို့ ကြိုးစားမှုတွေကို စိတ်လှုပ်ရှားဖွယ် တင်ဆက်ထားတဲ့ မှုခင်းဒရာမာဇာတ်ကားကောင်း တစ်ကားဖြစ်ပါတယ်။ သာမန် အက်ရှင်ကားတွေလို သေနတ်ပစ်၊ လူသတ်တာချည်းပဲ မဟုတ်ဘဲ ဇာတ်လမ်းဇာတ်အိမ် ခိုင်ခိုင်မာမာနဲ့ တွေးတောခံစားစရာတွေ ပါဝင်တာမို့အချိန်ပေးပြီး ကြည့်ရှုဖို့ အထူးပဲ ညွှန်းဆိုပေးလိုက်ပါတယ်။