He Loves Me Not FHD

He Loves Me Not

Comedy Romance FHD 2026-08-20 5.6 125 Min

ဒီတစ်ခါမှာတော့ ပေါ့ပေါ့ပါပါး အချစ်ဟာသဇာတ်လမ်းလေးဖြစ်တဲ့ Rhiannon Fish နဲ့ Lincoln Lewis တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ Australian rom-com ဇာတ်လမ်းတစ်ပုဒ်နဲ့မိတ်ဆက်ပေးပါရစေ။သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ ကြိုးစားနေတဲ့ Holiday က dating show တွေကို မကောင်းပြောပြီး မုန်းနေပေမဲ့ ကံကြမ္မာက အရွဲ့တိုက်ပြီး ဖြစ်ချင်တော့ ပိုက်ဆံလိုအပ်နေလို့ မလွှသာပဲ "HeLoves Me" ဆိုတဲ့ reality dating show တစ်ခုမှာ "wild card" အနေနဲ့ ပါဝင်လိုက်ရပါတယ်။အဲဒီပြိုင်ပွဲမှာ final မိန်းကလေးသုံးယောက်ထဲကမှ Adam ဆိုတဲ့ အမျိုးသားရဲ့ နောက်ဆုံးရွေးချယ်ခံရသူ ပါတနာဖြစ်ရင် ဆုကြေးငွေအကြီးကြီးရမှာပါ။ Holiday ကလည်း သူ့ရဲ့ သရုပ်ဆောင်တစ်ယောက်ဖြစ်ဖို့ အိပ်မက်အတွက် အဲဒီပိုကိဆံတွေကို လိုအပ်နေတာမို့ အနိုင်ရဖို့က သူ့အတွက် အရေးကြီးနေပါတယ်။ဒါကြောင့်ပဲ Holiday က Adam ကို သူဝယ်ခဲ့တဲ့ ပီရဆေးတစ်ခုဖြစ်တဲ့ အချစ်ဆေးရည်ကို ခိုးတိုက်ပြီး သူ့အပေါ် ချစ်လာအောင် လုပ်ခဲ့ပါတယ်။ ဒါပေမဲ့ သူတို့နှစ်ယောက်ကြားက ရင်းနှီးမှုနဲ့ ဆက်ဆံရေးတွေက ပိုကိုယ်ရေးကိုယ်တာဆန်လာပြီး လေးနက်မှုကို ခံစားလာရချိန်မှာတော့ Holiday တစ်ယောက် Adam သူ့ကိုချစ်လာအောင်လုပ်ယူခဲ့တယ်ဆိုတာကို အမှန်အတိုင်း ဝန်ခံမလား သူတို့နှစ်ယောက်ကြားက ခံစားချက်တွေက အစစ်အမှန်တွေလား အတုအယောင်တွေလားဆိုတာကို ဒီအချစ်ဇာတ်လမ်းလေးထဲမှာပေါ့ပေါ့ပါပါးနဲ့ ကြည်နူးဖွယ်လေး ကြည့်ရှုရမှာပါ။