ဒါရိုက်တာ Anurag Kashyap ရိုက်ကူးထားပြီး Bobby Deol၊ Sanya Malhotra၊ Sapna Pabbi နှင့် Saba Azad တို့ ပါဝင်သရုပ်ဆောင်ထားတဲ့ အိန္ဒိယ Crime Thriller / Drama ရုံတင်ဇာတ်ကားကြီးကို တင်ဆက်ပေးလိုက်ပါတယ်။ဆာမာ မေရာ ဟာ နာမည်ကျော်ကြားမှုတွေ မှေးမှိန်လာနေတဲ့ သက်လတ်ပိုင်း တီဗီမင်းသားတစ်ယောက် ဖြစ်ပါတယ်။ ခူရှီ ဆိုတဲ့ မိန်းမလှလေးနဲ့ အချစ်သစ်စတင်ပြီး ပျော်ရွှင်နေချိန်မှာပဲရည်းစားဟောင်း ဂါယာတရီ က သူ့ဘဝထဲ ပြန်ဝင်လာဖို့ ကြိုးစားခဲ့ပါတယ်။ ဆာမာ က ဂါယာတရီ ကို အဆက်အသွယ်အကုန်ဖြတ်ပြီး ဘလော့ လိုက်ပေမဲ့ ဂါယာတရီက သူ့ကို အဓမ္မပြုကျင့်မှုနဲ့စွပ်စွဲလိုက်တဲ့အခါ အခြေအနေတွေဟာ အကြီးအကျယ် ဆိုးရွားသွားခဲ့ပါတော့တယ်။ဒီစွပ်စွဲမှု ကြောင့်ပဲ မကြာခင်မှာ ဆာမာ ဟာ ဖမ်းဆီးခံလိုက်ရပါ တော့တယ် ။ ဖမ်းဆီးထိန်းသိမ်းခံရပြီးတရားဥပဒေရဲ့ စွပ်စွဲချက်တွေ၊ လူမှုအဖွဲ့အစည်းရဲ့ ပုဒ်မတပ် ပြစ်ဒဏ်ခတ်မှုတွေနဲ့ချစားနေတဲ့ စနစ်ကြီးက ဆာမာ ရဲ့ ဘဝကို ပုံစံသစ်တစ်ခု ဖြစ်သွားစေခဲ့ပြီးတော့ အကျဉ်းထောင်အတွင်းမှာအသက်ရှင်ဖို့ ဆာမာတစ်ယောက်အခက်အခဲတွေကြား ဘယ်လိုရုန်းကန်ရမလဲဆိုတာ.....။