Killer Toon FHD

Killer Toon

Horror Thriller FHD 2013-06-27 6.693 104 Min

Horror Webtoon တွေကို ရေးဆွဲတဲ့ နာမည်ကြီး ကာတွန်းဆရာမ ဂန်ဂျီယွန်း (Lee Si Young) ဟာ အိပ်မက်ဆိုးတွေကတစ်ဆင့် သူနဲ့မရင်းနှီးတဲ့နေရာတွေကို ရောက်ရှိသွားတတ်ပြီးအဖြေရှာရခက်တဲ့ ဖြစ်ရပ်တွေနဲ့ ကြုံတွေ့နေရသူပါ။ဂန်ဂျီယွန်းရဲ့ ကာတွန်းစာမူတွေကို ကိုင်တွယ်ပေးရတဲ့ ရုပ်ပြကာတွန်း ကုမ္ပဏီတစ်ခုရဲ့ အဖွဲ့မှူးဟာ ဂန်ဂျီယွန်းရဲ့ ဇာတ်လမ်းအသစ်ကို လက်ခံရရှိပြီးတဲ့နောက် ထူးဆန်းစွာပဲသေဆုံးသွားခဲ့ရသလို ဂန်ဂျီယွန်းရေးဆွဲတဲ့ ရုပ်ပြကာတွန်းရဲ့ ဇာတ်လမ်းဇာတ်ကွက်တွေအတိုင်း အပြင်လောကမှာ ဖြစ်ပျက်လာတဲ့အချိန်မှာတော့ အမှုကို ဖြေရှင်းဖို့ စုံထောက်အီဂီချော (Uhm KiJoon) ကပါ ပါဝင်ပတ်သက်လာပါတော့တယ်။ထူးဆန်းတဲ့ သည်းထိပ်ရင်ဖိုဇာတ်လမ်းတွေနဲ့ အပြင်က လက်တွေ့အမှုတွေကြား ပတ်သက်မှုက ဘာတွေဖြစ်မလဲ...ကာတွန်းဆရာမ ဂန်ဂျီယွန်းနဲ့ ဘယ်လိုဆက်စပ်နေတာလဲဆိုတဲ့ လျှို့ဝှက်ပုစ္ဆာတစ်ခုကို အဆုံးထိ အဖြေရှာရင်း ကြည့်ရှုရမှာပဲဖြစ်ပါတယ်။လျှို့ဝှက်ဆန်းကြယ်တဲ့ ဇာတ်လမ်းဇာတ်ကွက်‌တွေကို ကြိုက်နှစ်သက်သူတွေအတွက် အချိန်ပေးပြီး ကြည့်ရတာတန်တဲ့ ကားကောင်းလေးဖြစ်ကြောင်း ညွှန်းပေးလိုက်ချင်ပါတယ်။