ဂျောင်ယူဂျောင်းဆိုတဲ့ မိန်းကလေးတစ်ယောက်ဟာ ဟိုတယ်တစ်ခုရဲ့အခန်းထဲမှာ ထူးဆန်းစွာ သေဆုံးသွားခဲ့ပါတယ်...လူသတ်တရားခံကို အခင်းနေရာမှာတင် လက်ပူးလက်ကြပ် ဖမ်းမိခဲ့ပြီး စစ်ဆေးမေးမြန်းမှုစတင်ခဲ့ပါတယ်....စစ်ဆေးမှုအချိန်ကြာလာလေလေ ဖမ်းဆီးလာတဲ့ အဓိကသံသယရှိသူဟာ အမှုနဲ့ ပတ်သတ်မှု ရာခိုင်နှုန်းနည်းလေးဆိုတာကို တွေ့ရှိလာရပြီး အခြားသော သက်သေများစွာကိုလည်းရှာတွေ့လာရချိန်မှာ....တရားခံအစစ်အမှန်က ဘယ်သူဖြစ်မလဲ.....ဂျောင်ယူဂျောင်ဟာ ဘာကြောင့် အသတ်ခံခဲ့ရတာလဲ........စတဲ့ စိတ်ဝင်စားစရာအချက်တွေကို ဇာတ်ကားစလယ်ဆုံး ကြည့်ရှုခံစားရမှာဖြစ်တဲ့အတွက် ပရိသတ်တွေအတွက်အချိန်ပေးရကျိုးနပ်တဲ့ ဇာတ်ကားတစ်ကားအဖြစ် ညွှန်းဆိုပေးလိုက်ပါတယ်။