Joseon Chefs FHD

Joseon Chefs

Drama History TV Movie FHD 2023-12-02 4 0 Min

မှူးမတ်မျိုးရိုးက ဆင်းသက်လာတဲ့ ဂင်ယူ (Yoon San Ha)က မိသားစုဂုဏ်သိက္ခာကို ကယ်ဆယ်ဖို့အတွက် အရာရှိစာမေးပွဲကို အကြိမ်ကြိမ် ဖြေဆိုနေရသူပါ။ အစ်ကိုဖြစ်သူကလည်းရာထူးကနေ မတရားထုတ်ပယ်ခံထားရတာကြောင့် မိသားစုကို ကယ်တင်ဖို့ ဂင်ယူ့အပေါ် မျှော်လင့်ချက်တွေ ပိုကြီးလာပြီး မတရားတဲ့နည်းလမ်းနဲ့ပါ စာမေးပွဲအောင်ဖို့ဖိအားပေးခံလာရပါတယ်။ဒီလို စိတ်ဖိစီးစရာတွေကြားထဲကမှ တစ်နေ့မှာတော့ ဂင်ယူဟာ ဂယ်အမ်(Kim Kang Min)ဆိုတဲ့ စားဖိုမှူးတစ်ယောက်နဲ့ ဆုံတွေ့ခဲ့ပြီး ဟင်းချက်တဲ့ပညာကို စတင်သင်ယူဖြစ်ခဲ့ပါတယ်။အထက်တန်းလွှာကယောက်ျားတွေ မီးဖိုချောင်မဝင်ရဆိုတဲ့ ခေတ်ရဲ့အစဉ်အလာကို ချိုးဖောက်ပြီး ဖျားနာနေတဲ့ဖခင်အတွက် ကိုယ်တိုင်ဟင်းချက်ကျွေးရင်း သူကိုယ်တိုင်လည်းဟင်းချက်ခြင်းကနေ ဘဝရဲ့အစစ်မှန်ဆုံး ပျော်ရွှင်မှုကို ရှာတွေ့သွားပါတော့တယ်။မိသားစုအတွက် အရာရှိဖြစ်အောင်လုပ်ရမယ့် ဖိအားတွေနဲ့ သူ့ရဲ့စစ်မှန်တဲ့ဝါသနာကြားမှာ ဂင်ယူတစ်ယောက် ဘယ်လိုရွေးချယ်သွားမလဲဆိုတာအပြင် ဂယ်အင်နဲ့ ဂင်ယူတို့ကြားကဆက်ဆံရေးကိုပါ စိတ်ဝင်စားဖွယ် ကြည့်ရှုရမယ့် ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။