Hee-soo ဟာ သူ ချေးပေးခဲ့တဲ့ ငွေတွေကို ပြန်တောင်းဖို့အတွက် ရည်းစားဟောင်း ဖြစ်သူ Byeong-woonကို လိုက်ရှာခဲ့ပါတယ်။ ဒါပေမဲ့ Byeong-woon မှာလည်း အကြွေး ပြန်ဆပ်ဖို့ ပိုက်ဆံမရှိတာကြောင့် Hee Sooနဲ့ အတူ တစ်နေ့လုံး သူ့အသိတွေဆီမှာ ပိုက်ဆံ လိုက်ချေးဖို့ ကြိုးစားပါတော့တယ်။ ဒီလိုနဲ့ တစ်နေရာပြီး တစ်နေရာ ခရီးဆက်ကြရင်း အဲဒီတစ်နေ့တာအတွင်းမှာပဲသူတို့နှစ်ယောက်ရဲ့ အတိတ်၊ စိတ်ခံစားချက်နဲ့ လူ့ဘဝအကြောင်းတွေကို တဖြည်းဖြည်း ဖော်ထုတ်ပြသသွားပါတယ်။တစ်နေ့တာအတွင်း ဖြစ်ပျက်တဲ့ ဇာတ်လမ်းဆိုပေမဲ့ ကြည့်ပြီးသွားရင် အချစ်၊ နောင်တနဲ့ လူ့ဆက်ဆံရေးအကြောင်း အတွေးပေါင်းများစွာ ကျန်စေတဲ့ Movie အမျိုးအစားဖြစ်ပြီး တချို့လူတွေကကိုယ့်ဘဝထဲကို အတူတူနေဖို့ မဟုတ်ဘဲ သင်ခန်းစာတစ်ခု သင်ပေးဖို့ ရောက်လာကြတယ်ဆိုတာကို သိမြင်စေမဲ့ ဇာတ်ကားလေး တစ်ကားပါပဲ။