Dirty Rotten Scoundrels FHD

Dirty Rotten Scoundrels

Comedy Crime FHD 1988-12-14 7.096 110 Min

Dirty Rotten Scoundrels ကတော့ ၁၉၆၄ ခုနှစ်ထွက် Marlon Brandoပါဝင်သရုပ်ဆောင်ထားတဲ့ Bedtime Story ကို Remake ပုံစံမဟုတ်တဲ့ “ပြန်လည်ဖြည့်စွက် ပိုဟာသမြောက်အောင်” ရိုက်ကူးထားတာဖြစ်ပါတယ်။ဒီရုပ်ရှင်ရဲ့ ထူးခြာချက်ကတော့ ဟာသမင်းသားကြီး Steve Martin နဲ့ မင်းသားကြီး Michael Caine တို့နှစ်ယောက် အပေးအယူမျှမျှနဲ့ အပြိုင်သရုပ်ဆောင်ထားပြီး ဇာတ်ကို မပျင်းရအောင်ဆွဲဆောင်သွားတာပဲဖြစ်ပါတယ်။ Comedy ရုပ်ရှင်တစ်ကားကIMDB 7 အကျော် Rotten Tomatoes 70 ကျော်ရင် တော်တော်ကိုကောင်းတယ်လို့ သတ်မှတ်လို့ရနေပါပြီ။ ပိုပြီးဆန်းတာက Steve Martin ကအမေရိကန်စတိုင် ပေါ့ပေါ့ပါးပါးသရုပ်ဆောင်ပြီး Michael Caine ကတော့ ဗြိတိသျှစတိုင် ခပ်အေးအေးသရုပ်ဆောင်တတ်တဲ့လူဖြစ်ပါတယ်။ဒီလူနှစ်ယောက်ကို အပြိုင်မြင်ရတာ တော်တော်လေးကို ဆန်းပြီးတော်တော်လေးလည်း သဘောကျဖို့ကောင်းပါတယ်။