Sunset Strip Killers FHD

Sunset Strip Killers

Crime Horror Thriller FHD 2026-07-10 7.083 88 Min

စိတ္တဇ လူသတ်သမားတစ်ယောက်အပေါ်ဇာတ်အိမ်တည်ထားပြီး သဲထိပ်ရင်ဖိုမှုခင်းဇာတ်လမ်းတွေကို သဘောကျတဲ့ ပရိသတ်တွေအတွက်တော့ ဒီဇာတ်ကားဟာကွက်တိဖြစ်တယ်လို့ဆိုရမှာပါ။ ကာရိုးလ်ဆိုတဲ့ သူနာပြုတစ်ယောက် အလုပ်သဘောသဘာဝအရ အချိန်ပိုဆင်းရတဲ့ အလုပ်ဖိအားတွေ တစ်ခါတစ်ရံစိတ်မငြိမ်မသက်ဖြစ်တတ်သူပါ။ ဒီလိုနဲ့ တစ်ညမှာ ဘားမှာအရက်သောက်ရင်း အဆင်မပြေဖြစ်ပြီး အပြင်ထွက်ထိုင်နေတဲ့အချိန် သူ့ကို ကွင်းဆက်လူသတ်သမားတစ်ယောက်က အခွင့်ကောင်းယူပြီး အယုံသွင်းကာ ကာရိုးလ်ကိုသူ့ရဲ့ဒုစရိုက်ပြစ်မှုတွေထဲ နစ်မျောအောင်လုပ်ဖို့ ဖျားယောင်းခဲ့ပါတယ်။ ကာရိုးလ်တစ်ယောက်အစမှာ ကြံရာပါလိုမျိုးပဲ လူသတ်မှုနောက်ကွယ်မှာပါဝင်ခဲ့ပေမယ့် နောက်ပိုင်း လူသတ်မှုကိုစွဲလမ်းလာတဲ့အချိန်မှာ သူကိုယ်တိုင် လူတွေအတွက်အန္တရာယ်ရှိလာတဲ့ကွင်းဆက်လူသတ်သမားတစ်ယောက်ဖြစ်လာပါတော့တယ်။