Ananthan Kaadu FHD

Ananthan Kaadu

Action Thriller FHD 2026-06-25 4 156 Min

ဒီတစ်ခေါက် ညွှန်းပေးချင်တာကတော့ ၂၀၂၆ ဇွန်လထဲမှာ ရုံတင်ခဲ့ပြီး Action, Drama နဲ့ Political Thriller အမျိုးအစားကိုမှ အမှောင်ဘက်သွားထားတဲ့ ရုပ်ရှင်ကားတစ်ကားပဲဖြစ်ပါတယ်။ Lucifer နဲ့ Empuraan တို့လို နာမည်ကြီးကားတွေကို ရေးသားခဲ့တဲ့ ဇာတ်ညွှန်းဆရာ Murali Gopy ရဲ့ လက်ရာဖြစ်ပြီး ဒါရိုက်တာ Jiyen Krishnakumar က ရိုက်ကူးထားတာပါ။‌၁၉၈၀အကုန်နဲ့ ၁၉၉၀ အစောပိုင်းကာလ သီရူဗာနန်သာပူရမ်မြို့ရဲ့ ဆင်းရဲသားရပ်ကွက်ထဲက လူမိုက် ၄ ယောက်... သူတို့က အကြမ်းဖက်မှုတွေနဲ့ အသက်ဆက်နေရပေမဲ့ တစ်ဖက်မှာလည်း ဂီတကို အရမ်းရူးသွပ်ကြတဲ့သူတွေပါ။အဲဒီခေတ်ရဲ့ နိုင်ငံရေးမတည်ငြိမ်မှုတွေ၊ နိုင်ငံရေးသမားတွေနဲ့ ဂိုဏ်းစတားတွေကြားက အာဏာလုပွဲတွေကြားထဲမှာ ဒီလူမိုက်တသိုက်ဟာ ကြေးစားအဖြစ် အသုံးချခံလာရပါတယ်။ အခြေအနေတွေ ရှုပ်ထွေးလာချိန်မှာတော့ သီရီလင်္ကာ တမီးလ် သူရဲကောင်း ဗက်ထရီဗယ်လ် ကူမာရန် နဲ့ သွားဆုံမိပြီး သူတို့မှာ ဘုံရန်သူတစ်ယောက် ရှိလာခဲ့ပါတယ်။ နိုင်ငံရေးအရှုပ်အထွေးတွေ၊ သစ္စာဖောက်မှုတွေနဲ့ လက်စားချေမှုတွေကြားမှာ ဒီလိုအောက်ခြေလူတန်းစားတွေ ဘယ်လိုရုန်းကန်ရှင်သန်ကြမလဲဆိုတာ.....။