Little Shop of Horrors FHD

Little Shop of Horrors

Comedy Horror FHD 1986-12-19 6.988 94 Min

ပန်းဆိုင်လေး တစ်ဆိုင်ရှိတယ်။ အဲဒီဆိုင်က လူသိနည်းတယ်။ ရောင်းမသွက်ဘူး။ တော်တော်လေးကို အရှုံးပေါ်နေတဲ့ ဆိုင်ဖြစ်ပါတယ်။ ဆိုင်မှာ အလုပ်သမားနှစ်ယောက်ရှိတယ်။တစ်ယောက်က လူတောမတိုးတဲ့ ဆေးမော၊ နောက်တစ်ယောက်ကကိုယ့်အပေါ်မကောင်းတဲ့လူကိုမှချစ်မိသွားတဲ့ အော့ဒရေးဆိုတဲ့ မိန်းကလေး။ဆေးမောလက်ထဲကို ထူးဆန်းတဲ့ အပင်တစ်ပင်ရောက်လာခဲ့တယ်။ အဲဒီအပင်က ကမ္ဘာပေါ်မှာရှိတဲ့ ဘယ်အပင်နဲ့မှကိုမတူဘူး။ ဆေးမောကအော့ဒရေကိုစိတ်ဝင်စားနေသူဖြစ်ပြီး အဲဒီအပင်ကို အော့ဒရေ (၂) ဆိုပြီး နာမည်ပေးလိုက်တယ်။ အဲဒီအပင်ရောက်လာကတည်းက ဆိုင်ကိုစိတ်ဝင်စားသူတွေ အများကြီးရောက်လာပြီး ပန်းအရောင်းအားကထိုးတက်သွားပါတော့တယ်။ ဒါပေမဲ့ ဆေးမောမသိလိုက်တာက အဲဒီအပင်က သာမန်အပင်တစ်ပင်မဟုတ်တာပါပဲ။ ဒီလိုနဲ့ ပြဿနာတွေ ဘယ်လိုကြုံလာရမလဲဆိုတာကို ခံစားကြည့်လိုက်ကြပါခင်ဗျာ။