နေဗင်ဟာ ဆင်းရဲနွမ်းပါးတဲ့ အာဖရိကန်-အမေရိကန်မိသားစုမှာကြီးပြင်းလာခဲ့ပြီး ရိုးလွန်း၊ နုံလွန်းတဲ့ လူဖြူတစ်ယောက်ဖြစ်ပါတယ်။ တစ်ရက်မှာတော့ သူဟာ လောကကြီးကို စူးစမ်းဖို့ စိန့်လူးဝိစ်မြို့ကို ထွက်ခွာသွားခဲ့ပါတယ်။ ဒါပေမဲ့ ရိုးလွန်းတဲ့ နေဗင်အတွက် လောကကြီးကအရမ်းကိုဆန်းပြားနေခဲ့ပါတယ်။ နေဗင်သွားရာမှာလည်း ပြဿနာပေါင်းသောင်းခြောက်ထောင်လောက်ကြုံခဲ့ရပါတယ်။ဒါပေမဲ့ တစ်ရက်မှာ နေဗင်ရဲ့ဘဝကို အကြီးအကျယ်ပြောင်းလဲသွားစေမဲ့ ကိစ္စကြီးတစ်ခုကို ကြုံတွေ့ခဲ့ရပါတယ်။ ဒီလိုနဲ့ ဘယ်လိုတွေဆက်ဖြစ်မှာလဲဆိုတာကိုခံစားကြည့်လိုက်ကြပါခင်ဗျာ။