ခင်ပွန်းဖြစ်သူကို ဆေးခတ်ပြီး ရက်ရက်စက်စက်သတ်ခဲ့တဲ့အတွက် သေဒဏ်ချမှတ်ခံထားရတဲ့ အီရှင်းယောင်း(Lee Mi Yeon)နဲ့ တရားရုံးရဲ့ အမှုတွေကို တာဝန်ယူရပြီး အီရှင်းယောင်းရဲ့ရှေ့နေဖြစ်လာတဲ့ ဆောဂျွန်ဟာ(Park Shin Yang)...တရားရုံးမှာ နှုတ်ပိတ်နေပြီး ကိုယ်တိုင်က သေဒဏ်ကိုပဲ လိုချင်ပါတယ်ဆိုတဲ့ အီရှင်းယောင်းဖြစ်ပေမဲ့လည်း ဒီအမှုရဲ့နောက်ကွယ်က ဖြစ်ရပ်တွေဟာ မရိုးရှင်းနိုင်ဘူးဆိုပြီး ခေါင်းမာမာနဲ့ အဆုံးထိအပြစ်ကင်းကြောင်း သက်သေပြနိုင်ဖို့သာ ကြိုးစားနေခဲ့တဲ့ ရှေ့နေ ဆောဂျွန်ဟာ...အမှုရဲ့နောက်ကွယ်က ဖြစ်ရပ်မှန်တွေ၊ သူတို့နှစ်ဦးပဲနားလည်နိုင်တဲ့ ခံစားချက်တွေကို ဆွေးဆွေးမြေ့မြေ့လေး ကြည့်ရှုရမှာဖြစ်သလို အခုလို မိုးအေးအေးနဲ့ လိုက်ဖက်တဲ့ဇာတ်ကားလေးဖြစ်တဲ့အတွက် ညွှန်းဆိုတင်ဆက်ပေးလိုက်ရပါတယ်။