Mayday FHD

Mayday

Action Comedy Adventure FHD 2026-09-02 7.2 110 Min

ရေတပ်ဗိုလ်ကြီး ထရွိုင်ဟာ စစ်အေးတိုက်ပွဲကာလမှာ စပိုင်လေယာဉ်ကို ဆိုဗီယက်နယ်မြေထဲ မောင်းနှင်ပြီး ဓာတ်ပုံရိုက်ထောက်လှမ်းတဲ့တာဝန်ကို ယူထားရပါတယ်။ တစ်နေ့မှာတော့လေယာဉ်ပစ်ချခံရပြီး ဇာတ်လမ်းနာမည်အတိုင်း မေဒေးဖြစ်သွားပါတယ်။ သူ့ကို ကယ်ထားတဲ့ ရုရှားနိုင်ငံသားကတော့ နီကိုလိုင်း ဆိုတဲ့ ကေဂျီဘီဟောင်းတစ်ဦးဖြစ်ပြီး အမေရိကန်နိုင်ငံကိုသဘောကျတဲ့သူ ဖြစ်နေပါတယ်။ အဲဒီမှာပဲ ကေဂျီဘီဟောင်းကြီးကို အမေရိကန်မှာ ခိုလှုံခွင့်ပေးဖို့ ကတိပေးပြီး ထရွိုင်နဲ့ နီကိုလိုင်း တို့ ရုရှားနယ်မြေထဲက အန္တရာယ်မျိုးစုံကို ရင်ဆိုင်ပြီးလွတ်မြောက်ဖို့ ကြိုးစားကြပါတော့တယ်။ ဒီရုပ်ရှင်မှာလည်း Ryan Reynolds ရဲ့ ထုံးစံအတိုင်း ပေါ့ပေါ့ပါးပါး ဟာသအပြောအဆိုတွေရော အက်ရှင်အကြမ်းပတမ်း ပြကွက်တွေရော အချိုးကျကျ ပေါင်းစပ်ထားမယ့် ကားမျိုးဖြစ်ပြီးKenneth Branagh လို သရုပ်ဆောင်ကောင်းတဲ့ မင်းသားကြီးနဲ့ ထိပ်တိုက်တွေ့ဆုံရတာက ဇာတ်လမ်းကို ပိုပြီး စိတ်ဝင်စားစရာ ကောင်းစေမှာပါ။