G.D.N FHD

G.D.N

Drama FHD 2026-08-07 5.1 146 Min

အိန္ဒိယရဲ့ အက်ဒီဆင် (Edison of India) လို့ တင်စားခေါ်ဝေါ်ကြတဲ့ တီထွင်သူကြီး G.D. Naidu ရဲ့ အကြောင်းကို ရိုက်ကူးထားတဲ့ မင်းသားကြီး အာရ်မာဒေဗန်းရဲ့ ဖြစ်ရပ်မှန်ဇာတ်ကားလေးတစ်ကားကိုတင်ဆက်ပေးပါရစေ။ G.D. Naidu ဟာသာမန်မိသားစုကနေ ဆင်းသက်လာပြီး ကိုယ်ပိုင်ဉာဏ်စွမ်း၊ ကြိုးစားအားထုတ်မှုတွေနဲ့ပဲ လျှပ်စစ်ပစ္စည်းတွေ၊စက်မှုလက်မှုပိုင်းဆိုင်ရာ တီထွင်မှုများစွာကို အောင်မြင်အောင် လုပ်ပြနိုင်ခဲ့တဲ့ ပါရမီရှင်တစ်ယောက်ပါ။ သူ့ရဲ့ တီထွင်ဆန်းသစ်မှုတွေဟာ လူထုအတွက် အများကြီး အကျိုးရှိခဲ့ပေမဲ့လည်းစနစ်ဟောင်းကို ဆုပ်ကိုင်ထားတဲ့ အခွန်ဌာနတွေနဲ့ ဗြိတိသျှခေတ်ကတည်းက စတင်ခဲ့တဲ့ နိုင်ငံရေး အသိုင်းအဝိုင်းရဲ့ ဖိနှိပ်တားဆီးမှုတွေကို ခါးစည်းပြီး ရင်ဆိုင်ခဲ့ရပါတယ်။သူ့ရဲ့ တီထွင်မှုတွေကို အသိအမှတ်မပြုဘဲ ပိတ်ပင်ဖို့ ကြိုးစားလာတဲ့အခါ နည်းလမ်းမျိုးစုံ ယှဉ်ပြိုင်တိုက်ပွဲဝင်ရင်း အိန္ဒိယနိုင်ငံရဲ့ စက်မှုနည်းပညာအနာဂတ်ကို ပုံဖော်ဖို့ ကြိုးစားခဲ့ပုံတွေကိုစိတ်လှုပ်ရှားဖွယ် ရိုက်ကူးတင်ဆက်ထားတာပဲ ဖြစ်လို့ကြည့်ဖြစ်အောင် ကြည့်သင့်တဲ့ ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။