Tomorrow, You Pretty Ghost FHD

Tomorrow, You Pretty Ghost

Comedy Drama FHD 2026-08-25 4 110 Min

Tagline ထဲမှာပါတဲ့ Horror story about keeping in touch with your high school friends ဆိုတဲ့အတိုင်း အထက်တန်းကျောင်းကတည်းက ရင်းနှီးခင်မင်ခဲ့ကြတဲ့ပြဇာတ်ဝါသနာအိုးလူငယ်တစ်စု အရွယ်ရောက်လာတဲ့အထိ ခင်မင်မှုသံယောဇဉ်တွေနဲ့လူငယ်ဘ၀ကူးပြောင်းချိန်တွေကိုအခြေတည်ထားတာဖြစ်ပါတယ်။အထူးသဖြင့် ဟေလီနဲ့ချားစ်တို့နှစ်ယောက်ရဲ့ ဆက်ဆံရေးကိုအဓိက ဦးတည်ရိုက်ကူးထားတာဖြစ်ပြီးမထင်မှတ်ပဲပြောလိုက် လုပ်လိုက်မိတဲ့၊ ရည်ရွယ်ရင်းလည်းမရှိတဲ့ အပြုအမူစကားလုံးတွေဟာ မကြာခဏဆိုသလို ပြင်ဆင်မရတဲ့အကျိုးဆက်တွေရှိတယ်ဆိုတာ သတိပေးနေသလိုပါပဲ။ သူငယ်ချင်းတွေအပေါ်အကြီးစား ဆေးထိုးစနောက်လေ့ရှိတဲ့သူတို့နှစ်ယောက် ကျောင်းဆင်းပွဲမတိုင်ခင်လေးမှာ နောက်ဆုံးအကြိမ်အဖြစ် အကြီးအကျယ်ဟာသလုပ်စနောက်ဖို့ကြိုးစားရာကနေအခြေအနေတွေ အရမ်းဆိုးဝါးသွားခဲ့ပြီး သူတို့ဆက်ဆံရေးတွေပါ ထိခိုက်ပျက်စီးခဲ့ရပါတယ်။အဲ့ဒီကနေ နောက်နှစ်ပေါင်းများစွာအထိ အချင်းချင်းကြား စွဲထင်ကျန်ရစ်ခဲ့တယ် နောင်တ၊ ကျန်ရှိနေဆဲ အမုန်းတရားတွေ၊ အတိတ်ရဲ့ခြောက်လှန့်မှုတွေကို သူတို့တွေဘယ်လိုရင်ဆိုင်ဖြေရှင်းကြမလဲဆိုတာ ရှုစားရမယ့် Horror/Drama ဇာတ်ကားတစ်ကားဖြစ်ပါတယ်။