မင်းသားချောTom Cruise နဲ့ ညှိ့အားပြင်းမင်းသမီးတွေဖြစ်ကြတဲ့ ပန်နီလုပ်ခရုဇ်နဲ့ ကင်မရွန်းဒီယာ့ဇ် တို့ပါဝင်ထားတဲ့ဇာတ်ကားပါ။ဒီကားကို ကြည့်ဖို့ရည်ရွယ်ပြီဆိုရင် ခင်ဗျားတို့ ဟာ မင်းသားရဲ့ အပြုအမူတွေ အားလုံးနဲ့ဒိုင်ယာလော့တွေ အကုန်လုံးကို အသေးစိတ်လိုက်ရမှာဖြစ်ပါတယ်...အခန်းတစ်ခန်းပြီးသွားတိုင်း ခင်ဗျားဟာဂရုတစိုက်တွေးရတော့မယ်..ဒါဟာTom Cruiseရဲ့ အိပ်မက်လား...ဒါမှမဟုတ်တကယ်ဖြစ်ရပ်လား...နောက်အခန်းကရောဘယ်လိုဆက်စပ်နေလဲဆိုတာမျိုးတွေအတော်အတွေးခေါင်ရပါတယ်....ဒီလို သိလိုပြင်းပြမှုတွေနဲ့ တောက်လျှောက်ဆွဲခေါ်သွားမှာဖြစ်ပြီးမင်းသားရော မင်းသမီးတွေရောက နင်းကန်တွေ ချောလှပြီး သရုပ်ဆောင်ကောင်းကြတာမလို့ လုံးဝအမိုက်စားပဲဆိုတာ ညွှန်းဆိုပါရစေ။