Open Endings FHD

Open Endings

Comedy Drama FHD 2026-06-10 5.1 110 Min

ရည်းစားဟောင်းတွေ ဖြစ်ခဲ့ကြပေမဲ့ လက်ရှိမှာတော့ အရမ်းချစ်ကြတဲ့ သူငယ်ချင်းတွေ ဖြစ်နေကြတဲ့ ကွီးယား (Queer) အမျိုးသမီး လေးဦးရဲ့ ဘဝ၊ အချစ်၊ သံယောဇဉ်၊ ခင်မင်ရင်းနှီးမှုအကြောင်းကို ရိုက်ကူးထားတဲ့ ဖိလစ်ပိုင် Drama ရုပ်ရှင်ဖြစ်ပါတယ်သာမန် Drama တွေနဲ့ မတူဘဲ Queer Community ကြားက စစ်မှန်တဲ့ သံယောဇဉ်၊ ရည်းစားဟောင်းအဖြစ်ကနေ သူငယ်ချင်းကောင်းအဖြစ် ကူးပြောင်းသွားပုံနဲ့ Chosen Family ရဲ့အဓိပ္ပာယ်ကို လှပစွာ တင်ဆက်ထားပါတယ်။ဇာတ်လမ်းကတော့ အသက် ၃၀ အရွယ်သို့ ရောက်ရှိလာကြပြီဖြစ်တဲ့ ကွီးယား (Queer) အမျိုးသမီး လေးဦးအကြောင်းကနေ စတင်ထားတာပါ။ သူတို့ လေးဦးဟာ အတိတ်မှာတော့တစ်ယောက်နဲ့တစ်ယောက် ချစ်ကြိုက်ခဲ့ကြဖူးတဲ့ ရည်းစားဟောင်းတွေဖြစ်ကြပေမဲ့... လက်ရှိမှာတော့ အပြန်အလှန် ယုံကြည်အားကိုးရဆုံးသော အရင်းနှီးဆုံး သူငယ်ချင်းတွေ  အဖြစ်ရပ်တည်နေကြပါတယ်။သူတို့ လေးဦးဟာ လူကြီးဘဝရဲ့ အခက်အခဲတွေ၊ အလုပ်အကိုင်နဲ့ ဘဝအပြောင်းအလဲတွေ၊ အချစ်ရေး ဒဏ်ရာတွေနဲ့ ပတ်ဝန်းကျင်ရဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်ရချိန်မှာ... သွေးသားတော်စပ်ခြင်းမဟုတ်ဘဲ ကိုယ်တိုင်ရွေးချယ်ထားတဲ့ မိသားစု သံယောဇဉ်နဲ့ တစ်ယောက်ကိုတစ်ယောက် ဖေးမကူညီရင်း ကျော်ဖြတ်ကြပါတော့တယ်။ အတိတ်က နာကျင်မှုတွေ၊ အနာဂတ်ရဲ့မရေရာမှုတွေကြားမှာ... သူတို့ရဲ့ ခင်းမင်မှုနဲ့ အချစ်ရေး ဇာတ်လမ်းတွေဟာ ဘယ်လိုမျိုး အဆုံးမသတ်နိုင်တဲ့သံယောဇဉ်တွေနဲ့ ဆက်လက်စီးဆင်းသွားမလဲဆိုတာကို ရှုစားရမှာ ဖြစ်ပါတယ်။