The Second Child FHD

The Second Child

Fantasy Horror FHD 2026-07-01 6.5 105 Min

သေကြောင်းကြံဖို့ ကြိုးစားတဲ့ အစ်မဖြစ်သူ ဆူရွန်း (Yuna) ကို တားဆီးဖို့ ကြိုးစားရင်း အိမ်ခေါင်မိုးပေါ်ကနေ ပြုတ်ကျပြီး ကိုမာဝင်သွားတဲ့ ဆူအန်း (Park So-Yi)...၃ နှစ်ကြာပြီးနောက် သတိပြန်ရလာတဲ့အခါမှာတော့ သူနဲ့အတူ ပြုတ်ကျခဲ့တဲ့ အစ်မဖြစ်သူ ဆူရွန်းက ဒီလောကကြီးထဲမှာ မရှိတော့ကြောင်း သိလိုက်ရပြီး မိခင်ဖြစ်သူ ဂွန်းအို့ (Lim Soo-Jung)ကလည်း အရင်ကနဲ့ မတူတော့ဘဲ တစ်ခုခုကို ဖုံးကွယ်ထားသလို အမြဲ စိုးရိမ်ပူပန်နေပုံပေါ်နေခဲ့ပါတယ်။ တစ်နေ့ အစ်မဖြစ်သူနဲ့ ရုပ်ချင်းချွတ်စွပ်တူတဲ့ ဂျယ်အင်း (Yuna) ဆိုသူက ဆူအန်းရဲ့ ရှေ့မှောက်မှာ ပေါ်လာခဲ့ပြီး အဲဒီအချိန်မှာ ဆူအန်း ပြေးတွေးမိသွားတာကတော့..."ငါလည်း နင်တို့လို နေချင်တယ်.. နင်တို့က ခန္ဓာကိုယ် ၂ ခု ရှိတော့ ငါ့ကို ၁ ခု ပေး.. ငါနဲ့ လဲကြမယ်" ဆိုတဲ့ အစ်မဖြစ်သူ ဖတ်ပြနေကျ 'အရိပ်ကြီးနဲ့ ကလေးနှစ်ယောက်' ပုံပြင်ထဲကစာသားလေးတွေပေါ့။ အစ်မဖြစ်သူရဲ့ သေကြောင်းကြံမှု၊ မိခင်ဖြစ်သူရဲ့ ထူးဆန်းနေတဲ့ အမူအရာတွေ၊ ရုပ်ချင်းဆင်တူတဲ့ ကောင်မလေး ပေါ်ထွက်လာမှု...ဒီ ဆက်တိုက် ဖြစ်ပျက်လာနေတဲ့ ထူးခြားဆန်းကြယ်ဖြစ်ရပ်တွေက အရိပ်ကြီးပုံပြင်နဲ့ ဘယ်လို သွားဆက်စပ်နေမလဲဆိုတာကိုတော့ ဇာတ်လမ်းလေးထဲမှာ ဆက်လက်အဖြေရှာကြည့်လိုက်ကြပါဦးနော်။